This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Find Hotels

Booking.com
http://static1.freebitco.in/banners/728x90-3.png

Monday, July 7, 2014

PayPal ဆိုင်ရာများ

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard တို့ Master card တို့လိုပါတယ်. VisaCard တို့ Master card တို့ကိုမြန်မာနိုင်ငံက  ဘဏ်တော်တော်များများမှာလဲ စုံစမ်း ပြုလုပ်နိုင်ပါပြီ.။   Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 
PayPal အကောက် Verify လုပ်နည်း 
PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို VisaCard တို့  Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး .. အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping  ပြန်လုပ်ရပါတယ် ..။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။ 
 ATM Card ကို Internet shopping လုပ်နည်း
VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။
လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။ 
ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။  ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။ 
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။ 
internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။
ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ
 ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။ 
ဒါဆို ကျွန်တော်တို့ရဲ့ ကဒ်က အင်တာနက်မှာ သုံးလို့ ရပါပြီ..။ 
PayPal အကောက် Verify လုပ်နည်း
ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။
ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။
အောက်ကပုံအတိုင်းပေါ်လာပါမယ်..။ 
သင်အသုံးပြုတဲ့ အကောက်နာမည်ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ VISA ကဒ်သုံးတယ်..။ ရွေးလိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်..။
Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။ 
နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။ 


Expiry Date ကိုလဲ အောက်ကပုံမှာ ပြထားတဲ့အတိုင်းဘဲ ကြည့်ပြီး ရေးလိုက်ပါ..။
Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့
အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.

အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ် ..။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ ..။ Confirm My Card  ကို နှိပ်လိုက်ပါ..။ 
Continue ကို ဆက်နှိပ်လိုက်ပါ..။ 
အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ..
အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ
Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။ 
ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
 နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE  ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။ 
Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။  စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။ ပြီးရင် Confirn Card ဆက်နှိပ်ပါ..။ 
အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ... ။ :D လက်ခုပ်တီးကြပါ ခင်ဗျာ..။ :D
Close ကို နှိပ်လိုက်ပါ..။ 
:D ဒီလောက်ဆို လုံလောက်ပြီလို့ ထင်ပါတယ် ... 
ကဲ PayPal အကောက်ရပြီ ဆိုရင် အင်တာနက်မှာ ငွေ ရှာနည်းဆက်ပြောမယ်နော်







































Paypal account ဖွင့်နည်း

ကျွန်တော်တို့ Myanmar နိုင်ငံ ကနေ Paypal Account ဖွင့်မယ်ဆိုရင် Proxy ကျော်မှ ဖွင့် လို့ရပါတယ်။
Proxy ကျော်ဖို့ အတွက် Your Freedom software ကို သုံးပါမယ်။
Your Freedom software ကို ဖို့ အတွက် yourfreedom.net မှာ အရင် Register လုပ်ရပါမယ်။

1)  ဒီLink ကိုနှိပ်ပါ။
2)  click here to register ကို နှိပ်ပါ။
 3)  မျှား ပြထားတာ အကုန် ဖြည့် လိုက်ပါ။
4) သည်အဆင့်ရောက်ရင် မိမိ register လုပ်ထားတဲ့ Gmail ထကိုသွားပါ။
 
5)  click the link
 
6) click the link

7)  click the activate account button
 8) Login ၀င်လိုက်ပါ
     Download ကိုနှိပ်ပါ
     Latest version   ကိုနှိပ်ပါ
     Download လုပ်ပါ။
 9)  download ပြီးသွားရင် စက်ထဲမှာ install လုပ်ပါ။
       Myanmar version ပါ။ Language မှာ Myanmar လို့ ထားလိုက်ပါ။
Your freedom အသုံးပြုပုံ သိချင်ရင် အောက်က link ကို နှိပ် လိုက်ပါ။
Link 

 10) firefox မှာဆိုရင် Option > Network > Setting ပြီရင် ပုံမှာပြတဲ့ အတိုင်း ထားပြီး Ok နှိပ်လိုက်ပါ။
11)  ဒီLink ကိုသွား myanmar နေရာ သင်တို့ရွေးထားတဲ့ Uk or Us or something ဖြစ်နေပါလိမ့် မယ်။

 12)  Paypal account ဖွင့် လိုရပါ ပြီ။  Link ကိုနှိပ်လိုက်ပါ။
13)   Signup ကို နှိပ်လိုက် ပါ။
 country နေရာမှာ ကြိုက် တာထားပါ။ get started ကို နှိပ်ပါ။
14)  ဒီ အဆင့် က အရေးကြီးပါတယ်။ user name, email, တို့ က ကြိုက်တာဖြည့်လို့ရပေမယ့် Address , state ,postal code etc ...... မှားလို့ မရပါဘူး။ မှားလျှင် paypal က account ကို limited လုပ်လိုက်ပါလိမ့်မယ်။ အဲ လိုမဖြစ်အောင် ကျွန်တော် ပြောတဲ့အတိုင်း တိတိ ကျကျ လုပ်ပေးပါ။
 
  ကဲဒီ  link ကိုတစ်ချက် နှိပ်ပေးပါ။
 
 Paypal မှာရွေး ထားတဲ့ country ကိုရွေး ပြီးတော့ generate လုပ်လိုက်ပါ။
ဒါမျိုးတွေရ ပါလိမ့် မယ်။

Copy ကူး ပြီး paypal registaration ဖြည့် လိုက်ပါ ။Ph no က အစ သူ့ ဟာ ပဲထည့်ပါ။

ဒီ အဆင့် ရောက် ရင် credit care ရှိရင်ဖြည့်လိုက်ပါ ။ မရှိရင် go to my account ကို နှိပ်လိုက်ပါ။
Finished Your Paypal Registeration
 မှတ်ချက် paypal သုံးတိုင်း yourfreedom သုံးပါ။
မရရင် aungkyawzaw.makemoney@gmail.com ကို ဆက်သွယ် ပါ 
24 နာရီ အတွင်းဖြေပေးမယ်။
paypal account ပိုက်ဆံ ထုတ်ချင် ၊ ထည့်ချင် ရင်
www.shwemoney.com ဆိုတာရှိတယ်။ph 01-510554 













PayPal Account ကနေ ငွေ သွင်း/ထုတ်/လွှဲ နည်း

ကဲ... PayPal လာပါပြီ..အင်တာနက်မှာငွေရှာနေသူများ အသိချင်ဆုံး ကိစ္စ PayPal အကြောင်းလေး အဓိက ကျတဲ့တစ်စိတ်တစ်ဒေသကို တင်ဆက်ပေးလိုက်ပါတယ်... အခုငွေရှာတဲ့ ဆိုဒ်တွေကနေဘဲ ရလာတဲ့ ပိုက်ဆံတွေကို Cash out ( or ) Withdraw လုပ်လိုက်မယ်ဆိုရင် PayPal ထဲကိုရောက်သွားပါ့မယ်..ဟုတ်ပြီ ဘယ်လိုပုံနဲ့ရောက်မှာလဲဆိုရင် အောက်ကပုံကိုကြည့်လိုက်ပါ..ငွေရှာတဲ့ဆိုဒ်တွေကနေ PayPal ထဲကိုရောက်လာတဲ့ ပုံလေးပါ။


ကဲ......ငွေတော့ရောက်လာပြီ အဲဒီငွေကို မြန်မာငွေ ဖြစ်အောင် ဘယ်လိုပြန်ပြောင်းမလဲဆိုတဲ့ အဆင့်ကို ရှင်းပါတော့မယ်... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ MyanPay ဆိုတာရှိပါတယ်
www.myanpay.com.mm ဖြစ်ပါတယ်.. အခု PayPal ကနေ မြန်မာငွေပြောင်းဖို့ MyanPay ကိုလွှဲရမှာဖြစ်ပါတယ်... ဒီအတိုင်းတော့ တိုက်ရိုက်လွှဲလို့မရပါဘူး.. ကြားခံငွေလွှဲ
ပေးတဲ့ ၀န်ဆောင်မှုကနေတစ်ဆင့် MyanPay ကိုလွှဲရတာဖြစ်ပါတယ်.. ဥပမာ ကျွန်တော်ကို ကြားခံဝန်ဆောင်မှု လို့သတ်မှတ်လိုက်ပါ..ကျနော်က မိတ်ဆွေတို့ လွှဲလိုက်တဲ့ USD Dollar အတိုင်းကာလပေါက်ဈေးကိုတွက်ချက်ယူပြီး MyanPay ထဲကိုထည့်ပေးမှာဖြစ်ပါတယ်...အဲဒီ MyanPay ကနေတစ်ဆင့် မိတ်ဆွေတို့နဲ့ နီးစပ်တဲ့ ဘဏ်ကနေတစ်ဆင့်ထုတ်
ယူနိုင်ကြမှာပါ.. ဘဏ်မှာ Account ( ဘဏ်စာအုပ်) တော့ဖွင့်ထားဖို့လိုပါ့မယ်.. ဘဏ်စာအုပ်ကလဲ မများပါဘူး တစ်အုပ်မှ တစ်ထောင်လောက်ပဲရှိတာပါ..ဒါဆိုရင် သက်ဆိုင်ရာ ဘဏ်
ရဲ့ ဘဏ်စာအုပ်နဲ့ဘဏ် Account ကိုရပါပြီ.. ကဲ.. နားလည်အောင်ရှင်းပြလိုက်ပါ့မယ်..ငွေထုတ်ပုံအဆင့်ဆင့်ကတော့

PayPal >> ကြားခံဝန်ဆောင်မှု >> MyanPay >> Myanmar Bank အဲလိုအဆင့်ဆင့် ငွေထုတ်ယူသွားရတာပါ...... ကဲ.. MyanPay ကိုအသာထားဦး လောလောဆယ် PayPal နဲ့ ကြားခံဝန်ဆောင်သူရဲ့ ဆက်သွယ်မှုကိုရှင်းပါ့မယ်.. ဘယ်လိုဆက်သွယ်မှုလဲဆိုရင် ငွေထုတ်လိုတဲ့ PayPal Account ပိုင်ရှင်ကနေ ကြားခံဝန်ဆောင်မှုပေးမယ့် PayPal
Account ပိုင်ရှင်ဆီသို့ အရင် ငွေလွှဲရပါ့မယ်... ဒီလိုလွှဲနိုင်ဖို့အတွက် Send Money ( or ) Send Funds ကိုနှိပ်လိုက်ပါ.... အောက်ပုံမှာကြည့်ပါ။
To ( Email ) ဆိုတဲ့နေရာမယ် ကြားခံဝန်ဆောင်မှု ပေးသူရဲ့ လိပ်စာကိုထည့်ရပါမယ်... Amount နေရာမှာတော့ မိမိငွေလွှဲပြောင်းလိုတဲ့ ငွေပမာဏကိုထည့်ရပါ့မယ်.. အခု
တစ်ဒေါ်လာလွှဲမှာဖြစ်တဲ့အတွက် 1 လို့ဘဲ ထည့်ထားလိုက်ပါတယ်.. 10$ လွှဲချင်ရင်တော့ 10 လို့ထည့်ပါ... ပြီးတာနဲ့ ညာဘက်အခြမ်းမှာတော့ USD-U.S.Dollars ကို
ရွေးပေးရမှာဖြစ်ပြီး.... အောက်မှာတော့ I'm sending money to family or friends ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်... ပြီးတာနဲ့ Continue ပေါ့...
Payment To အောက်က လိပ်စာကတော့ ကြားခံဝန်ဆောင်မှုပေးသူရဲ့ လိပ်စာဖြစ်ပါတယ်..ဘေးနားကဟာတွေကတော့.. ဒီအတိုင်း Information တွေဘဲဖြစ်ပါတယ်.. အိုကေ
Send Payment သာနှိပ်လိုက်တော့..
ကဲ... Kyaw Kyaw Naing ဆိုတဲ့ လူက ကြားခံဝန်ဆောင်မှုပေးသူဖြစ်တဲ့ Nwe Nwe ဆိုတဲ့ သူဆီကိုငွေပေးပို့ခြင်းပြီးဆုံးပါပြီ... ဒီလိုဆိုရင် ကြားခံဝန်ဆောင်သူက မြန်မာငွေအဖြစ်
ပြောင်းလဲပြီး ပေးပို့သူရဲ့ MyanPay Account ထဲကိုထည့်ပေးလိုက်တာနဲ့ Kyaw Kyaw Naing ဟာ သူ့ရဲ့ MyanPay Account ကနေတစ်ဆင့် သက်ဆိုင်ရာ မြန်မာဘဏ်သို့
ငွေလွှဲကာ မြန်မာငွေအဖြစ်ထုတ်ယူလို့ရပြီဖြစ်ပါတယ်ဗျာ..ဖူးးး.မောထှာ..အဆင်ပြေကြပါစေခင်ဗျားးးး :D

ဒီတော့ ဘာတွေလိုအပ်သလဲဆိုရင် ငွေထုတ်ယူလိုသူသည်

(1) PayPal ( Verified ) Account ရှိရပါ့မယ်။

(2) MyanPay Account ရှိရပါ့မယ်။ ( MyanPay Account လျှောက်တာလွယ်လွယ်လေးပါ ပိုက်ဆံတစ်ထောင်ကျပ် ဒါမှမဟုတ် မှတ်ပုံတင် ကာလာScan ဖတ်ထားတာတစ်ခုလိုအပ်ပါမယ် ) MyanPay Account သုံးနည်းကို ဒီမှာကြည့်ပါ။

(3) နီးစပ်ရာ Bank တစ်ခုခုကနေ ဘဏ်စာအုပ်နဲ့ဘဏ်Account ရှိရပါမယ်.. တစ်ထောင်ကျပ်လောက်သာကုန်ကျပါတယ်..

ဒါတွေသာပြည့်စုံပြီဆိုရင်တော့ အင်တာနက်ပေါ်ကရသမျှငွေတွေကို ကြိုက်သလိုထုတ်ယူလို့ရပြီဖြစ်ပါတယ်..။

ကြားခံဝန်ဆောင်မှုစနစ်ကို မကြာခင်စတင်သွားမှာဖြစ်ပါတယ်... ဒီ Website မှာဘဲ သတင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်..အားလုံးကိုကျေးဇူးတင်ရှိပါသည်။

 ပိုစ့်အသစ်တင်တိုင်း facebook ကနေဖြစ်စေ / မေလ်းဖြင့်ဖြစ်စေ ဖတ်ချင်ရင်
                               ဒီမှာ Like နှိပ်ခဲ့ပါ။

                                  www.mm-knowledge.com

                                          နည်းပညာမြို့တော်

Credit:http://makingmoneytutorial.weebly.com







ShweMoney.com မှ Paypal အကောင့် ပြုလုပ်ခြင်းအား သီးခြား ဝန်ဆောင်မှု ဆောင်ရွက်ပေးမည်

ShweMoney.com မှ Shwe Money Virtual VISA Card အသုံးပြုသူများအတွက် PayPal အကောင့်ပြုလုပ်ခြင်း အားသီးခြား ၀န်ဆောင်မှုအဖြစ် အခကြေး ငွေယူ၍ဆောင်ရွက်ပေး သွားမည်ကြောင်း သိရသည်။ Shwe Money Virtual VISA Card သည် PayPal Account နှင့်ချိတ် ဆက်၍ရသော်လည်း PayPal ၏ တင်းကြပ်သော Policy များကြောင့် အလွယ် တကူဆောင်ရွက်၍မရ သောကြောင့် ယခုကဲ့သို့ စီစဉ် ဆောင်ရွက်ပြီး ၀န်ဆောင်မှုပေး ခြင်းဖြစ်ကြောင်း သိရသည်။ PayPal Account သည် မြန်မာနိုင်ငံ မှ အင်တာနက် IP Address ဖြင့် PayPal အကောင့် ပြုလုပ်ခြင်း၊ PayPal သို့ Login ၀င်ရောက်ခြင်းများပြုလုပ်၍မရသော အခက်အခဲများ ရှိပြီး မိမိ Account Create ပြုလုပ်ခဲ့သော IP Address Country မှ အမြဲ Login ၀င်ရောက်ရန်လိုအပ်ပြီး IP Address Country ပြောင်းလဲပါ က Account Restrict ဖြစ်သွား မည်ဖြစ်သည်။
PayPal အကောင့် ပြုလုပ်လို သူအနေဖြင့် PayPal Account Holder Name ၊ PayPal Account Email ၊ The Last 4 digit of ShweMoney Virtual VISA Card ၊ Your Passport Scan များပေးအပ်ရန် လိုအပ်ပြီး ၀န်ဆောင်မှု အနေဖြင့် PayPalအကောင့် ပြုလုပ်ခြင်း အတွက်သီးခြား ၀န်ဆောင်ခ(၅၀၀၀)ကျပ်အား Myan Pay Online Payment ဖြင့် ပေး ချေရမည် ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် PayPal Account ပြုလုပ်၍ မရပါက ၀န်ဆောင်ခ အားပြန်လည်ငွေအမ်းပေးမည် ဖြစ်သည်။
PayPal အကောင့်ပြုလုပ်ပြီး အသုံးပြုရာတွင်လိုက်နာ ရမည့် စည်းကမ်းများအား Email ပို့ပေး မည်ဖြစ်ပြီး အသုံးပြုသူ များအနေ ဖြင့်အဆိုပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် Account Restrict ဖြစ်ပါ က၀န်ဆောင်ခအား ပြန်အမ်းမည် မဟုတ်ကြောင်း သိရသည်။ PayPal အနေဖြင့် မြန်မာနိုင်ငံ မှ IP Address ဖြင့် Login ၀င်၍မရသဖြင့် PayPal အတွက် အသုံးပြုရမည့် အင်တာနက် IP Proxy Address အားနေ့စဉ် အသိပေးအကြောင်း ကြားပေး သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါ က ၀၁ ၅၁၀၅၅၄ သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း သိရ သည်။
မောင်မန်း




Myanmar IP ဖြင့်သာ Verify ဖြစ်သော PayPal ပြုလုပ်အသုံးပြုနည်းအတွက် ကြိုတင်သဘောတူညီချက် ထုတ်ပြန်ခြင်း 

 

 

 အားလုံးပဲ မင်္ဂလာပါခဗျာ..

ကျွန်တော် မြန်မာနိုင်ငံကနေ မည်သည့် Proxy မှ မသုံးပဲ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့်ကို ပြောပြမယ်လို့ ကတိပေးခဲ့ပါတယ်။

ကျွန်တော် အခုမကြာခင် အချိန်အတွင်းမှာ Myanmar IP နဲ့ ပဲ Verify ဖြစ်တဲ့ PayPal အကောင့် ရအောင်လုပ်နည်းပြောပြပါတော့မယ်။

ကျွန်တော်ကိုယ်တိုင် အခုလက်ရှိသုံးနေတာဖြစ်သလို ၆လ ကျော် သွားပြီးလဲ ကျွန်တော် ဒီနည်းကိုရဖို့ $100 နည်းပါး စမ်းသပ်ရင်းနဲ့ ကုန်ကျခဲ့ပါတယ်။ ကျွန်တော့်ကို အဲ့အတွက် ShweMoney Company က Sponsor အနေနဲ့ $50 ထုတ်ပေးခဲ့သလို ကျွန်တော် အဲ့ဒီ $50 ကိုလည်း ကိုယ်ကျိုးမကြည့်ပဲ PayPal စမ်းသပ်တဲ့ အထဲထည့်ခဲ့ပါတယ်။

ဒီနည်းကို မည်သည့်နေရာကမှ Clone ရိုက်ထားခြင်း မရှိသလို Copy ကူးထားခြင်း မရှိပါဘူး။ Idea ပင် Copy ကူးထားခြင်းမရှိပါဘူးလို့ ပြောကြားလိုပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့် လုပ်နည်းရှာ စိတ်ကူးရှိလာတာကတော့ ကျွန်တော့် Proxy နဲ့ အသုံးပြုနေတဲ့ Verify လုပ်ပြီးဖြစ်တဲ့ PayPal အကောင့် နှစ်ခု Lock ကျပြီး စိတ်ဆင်းရဲရာက စခဲ့ပါတယ်လို့ ၀န်ခံပြောကြားလိုက်ပါရစေ။

ဒီနည်းလမ်းဟာ မြန်မာပြည်သူပြည်သား အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ပြုလုပ်နည်း တင်ပြရခြင်းရည်ရွယ်ချက်ကတော့ မြန်မာ့စီးပွားရေးကို တစ်ဖက်တစ်လှမ်းက တိုးတက်ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။

PayPal က တရားဝင် ခွင့်ပြုထားတာ မဟုတ်သော်လည်း Online ပေါ်မှာ ဘာမှအကျိုးမရှိ အချိန်ကုန်နေမဲ့ အစား Online ပေါ်ကနေ စီးပွားရေး အဆင်ပြေပြေလုပ်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဲဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက် တစ်ယောက်ထဲသိပြီး မိမိကိုယ်တိုင် လုပ်နေလဲရပါတယ်။

ဒါပေမဲ့ အားလုံးကို အဆင်ပြေပါစေ ၊ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနည်းလမ်းကို အချိန်ကြာမြင့်အောင် ရေးသား ပြောကြားလိုက်ရပါတယ်။

PayPal account ရပြီဆိုတာနဲ့ သင်ဟာ ငွေလက်ခံရရှိနိုင်ပါပြီလို့ ပြောကြားလိုက်ပါရစေ.. PayPal မှာ ငွေရှိလာပြီးဆိုရင် PayPal ကနေ မြန်မာ နိုင်ငံဘဏ်ကနေ ငွေထုတ်ဖို့ ပြောကြားပေးသွားဦးမှာဖြစ်ပါတယ်။ အားလုံးပဲ စိတ်အားထက်သန်စွာဖတ်ရှု နိုင်ပါတယ်။

ကျွန်တော်အနေနဲ့ နိုင်ငံအားဖြင့် Thai,Malaysia,Singapore,US စတဲ့ နိုင်ငံတွေကိုကို မြန်မာနိုင်ငံ IP နဲ့ ၀င်ရောက်ပြီး စမ်းသပ်ခဲ့ပါတယ်။ အဲ့ထဲမှာမှ Thai နဲ့ Malay က Myanmar IP နဲ့ ၀င်ရောက် အသုံးပြုလို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် Myanmar IP ကို အသုံးပြု ပြီး Credit Card ချိတ်ကြည့်တဲ့အခါမှာ Thai ရော Malay ရောဟာ Location Confirm ခိုင်းတဲ့ ပြဿနာတက်ပြီး အကောင့်တွေ Suspend ဆိုပြီး Lock ကျ ကုန်ပါတယ်။ အဲ့လိုနဲ့ စိတ်ဆင်းရဲစွာနဲ့ လိုက်ရှာရင်း နောက်ဆုံးမှာ ကျွန်တော် နိုင်ငံတစ်နိုင်ငံကို တွေ့ ခဲ့တယ်။ အဲ့နိုင်ငံက စမ်းလုပ်ကြည့်တော့ အဆင်ပြေတာကို တွေ့ရပြီး နောက်ဆုံးမှာ အခုထိ Lock မကျပဲ Myanmar IP နဲ့ပဲ Verify ဖြစ်တဲ့ အကောင့်ကို ရယူပိုင်ဆိုင်ခဲ့ပါတယ်။

ကျွန်တော် တစ်ခုကြိုမှာထားချင်တာကတော့ မြန်မာနိုင်ငံကနေ Pay Pal ကို အသုံးပြုဖို့ PayPal က ခွင့်ြ့ပု ထားခြင်း မရှိတဲ့အတွက် ဒီနည်းလမ်းဟာ Legal ဖြစ်မှာ မဟုတ်ပါဘူး။ တကယ်လို့ Policy Updates ကြောင့် အကြောင်းတစ်ခုခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။

Myanmar IP နဲ့ Verify ဖြစ်တဲ့ PayPal ရအောင် ကျွန်တော်အတွေ့အကြုံနဲ့ ပြန်လည်ကူညီပေးခြင်း သာဖြစ်ပါတယ်။ ထို့ကြောင် ဒီနည်းလမ်းကို ကျွန်တော့် အကြံပြုချက်အတိုင်း အသုံးပြုစေချင်ပါတယ်။ အကယ်လို့ မိမိစိတ်ကြိုက် လုပ်မယ်ဆိုပါက Make Your Own Risk လို့သာ ပြောကြားပါရစေ။

အကြောင်းတစ်ခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် အကြံပေးရုံသာ တတ်နိုင်မှာဖြစ်ပါတယ်။

အခု ကျွန်တော် Myanmar IP နဲ့ ဖြစ်ပေမဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူ အသုံးပြုနည်းကို ပြောပြပေးသွားမှာပါ။

Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူအသုံးပြုနည်း ဖတ်ရှုဖို့ အောက်ပါအချက်များကို သဘောတူညီ ပေးဖို့လိုပါတယ်။

1) ကျွနှုပ်သည် Myanamr IP ဖြင့်သာ Verify ဖြစ်သော PayPal အကောင့် ရယူအသုံးပြုနည်းကို ဖတ်ရှုလိုသည်။

2) လမ်းညွှန်ချက်ကို အပြည့်အစုံ သေချာစွာဖတ်ရှုပါမည်။ ပြုလုပ်နည်းမှ ညွှန်ကြားချက်များကို သတိထားလိုက်နာမည်ဟု ကတိပေးပါသည်။

3) မြန်မာနိုင်ငံမှနေပြီး Verify ဖြစ်သော PayPal အကောင့် ရယူအသုံးပြုနည်းနှင့် ပတ်သက်ပြီး အချိန်မရွေး ပြောင်းလဲသော ညွှန်ကြားချက်များကို လိုက်နာပါမည်။

4) စာရေးသူသည် သူတစ်ပါးအား စေတနာဖြင့် ပြောကြားပေးခြင်းဖြစ်သည်။ ကျွနှုပ် စာရေးသူ၏ စေတနာကို နားလည်ပါသည်။ အကြောင်းတစ်ခုခု ဖြစ်ပျက်ခဲ့ပါက သူ့ကို အပြစ်ပြောမည်မဟုတ်ဘဲ သူ့ထံမှ အကြံဥာဏ် အကူအညီ ရယူမည်ဟု ကတိပေးပါသည်။

 အားလုံးပဲ သဘောတူတယ်ဆိုရင် Comment ပေးထားပါ။ နောက်ပြီး ဆက်လက် မဲ့ PayPal အကောင့် ပြုလုပ်နည်းအတွက် သဘောတူတဲ့ သူတွေပဲ ကျွန်တော့် အနေနဲ့ ဖတ်ခွင့်ပေးမှာဖြစ်ပြီး အချက်ကို မလိုက်နာ နိုင်တဲ့သူများအား တစ်စုံတစ်ရာညွှန်ကြား ပြောဆိုမှာ မဟုတ်ပါဘူး။

မကြာခင် ကျွန်တော် Myanmar IP ဖြင့်သာ Verify ဖြစ်သော PayPal ပြုလုပ် အသုံးပြုနည်း တင်ပေးသွားပါ့မယ်။

မိမိထံ Mail ရောက်ချင်ရင်တော့ http://www.techmilo.tk မှာ member ၀င်ထားပြီးတော့ ဖြစ်ဖြစ် ၊ email subscirbe လုပ်ပြီးတော့ပဲဖြစ်ဖြစ် လုပ်ထားနိုင်ပါတယ်။

email - fullpremiumnowfree@gmail.com
- contact@shwemoovi.com

Facebook - https://www.facebook.com/TechMilo
- https://www.facebook.com/FPNFOfficial

From Official Team ,
Steel Jelly [Miloboy Inc.]
Chief Editor Of Full Premium Now Free
Founder Of Tech Milo : Online Magazine 

 

 

 

 

 

 

paypal အကောင့်ဖွင့်ပြီး အွန်လိုင်းမှာ ပိုက်ပိုက်ရှာချင်သူတွေအတွက် လွယ်လွယ်လေး :P

 

 

 

အရင်ဆုံး https://www.paypal.com/ ထဲဝင် Sing Up ကိုကလစ် နိုင်ငံရွှေးရင်  Thailand ကိုရွှေး 
Personal ကိုရွှေးပြီးကလစ် အကောင့်တွေထည့်တာလွယ်ပါတယ် Password မှာ စာလုံးအကြီးတစ်လုံးပါပါစေ 
ဒီကောင်လေးဘဲ အမှန်အကန်တွေဖြည့်ရမှာ မှားလို့မရဘူး 
Address မှာကြိုက်တာထည့် Province မှာ Ranong ကိုရွှေး 
http://www.geopostcodes.com/ ထဲဝင်ပြီးတော့ အဆင်ပြေတဲ့မြို့ကိုရွှေး 
ကျွန်တော်ကတော့ Ban Na ဆိုတဲ့ မြို့နာမည်ကိုထည့်လိုက်ပါတယ် 
Post code ကတော့  ပုံမှာပါတဲ့အတိုင်း 85120 ထည့်လိုက်ပါတယ်
ဖုန်းနံပတ်ကတော့ 09 ဒါမှမဟုတ် 08 နဲ့စပြိး ဆယ်လုံးပြည့်အောင်ဖြည်ပြီးထည့်ပါ 
နံပတ်အမှန်ဆိုတော့ပိုကောင်းတာပေါ့ 
(0901637850) ကျွန်တော်ဖုန်းနံပတ်ပါ ထည့်ချင်လည်းထည့်နိုင်ပါတယ် 
ဖုန်းမခေါ်နဲ့နော် သူငယ်ချင်းတို့
ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကိုနိုပ်လိုက်ပါ 
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ
 ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ
ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ 
paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်
ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပီ
 Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ 
သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် 
Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး
ပိုက်ဆံတစ်ကျပ်မှမရှိတဲ့ ကျွန်တော်အကောင့်ပါ 
ဒါကတော့ ပိုက်ဆံ ရှစ်ဒေါ်လာရှိတဲ့အကောင့်ပါ 
အမေရိကန်ယူနိုက်တက် စတိတ်နဲ့ဖွင့်မယ်ဆိုရင် 
www.zip-codes.com  မှာ မှန်ကန်တဲ့လိပ်စာကိုရယူနိုင်ပါတယ် ဖုန်းနံပတ်ကိုတော့ 
http://www.k7.net မှာ မိမိအကောင့်နဲ့ရယူနိုင်ပါတယ် 
ပြီးတော့ အင်တာနက်ပေါ်မှာ ပိုက်ဆံရှာတဲ့ဆိုဒ်တွေကို သိသူများရှိရင် ကွန်မန်ပေးခဲ့လို့ တောင်းဆိုပါတယ် 
http://madevid.com/ ကတော့ ဗီဒီယိုတွေတင်ပြီးတော့ ပိုက်ဆံရှာလို့ရပါတယ် 
သူမှာအကောင့်ဖွင့်ဖို့က paypal  အကောင့်လေးရှိဖို့လိုပါတယ် 
ကိုယ် သီချင်းတွေ ဟာသတွေ တင်ပြီးFace book မှာတင်ပြီး သူငယ်ချင်းတွေကို ကြည့်ခိုင်ရင် 
ကိုယ်က ပိုက်ဆံ အလိုလိုရနေမှာဖြစ်ပါတယ် အဆင်ပြေပါစေ 
နောက်တစ်ခါကျရင် paypal  အကောင့်အသုံးပြုပြီး အင်တာနက်မှာ လိုချင်တာ 
ဘယ်လိုဝယ်ရမယ်ဆို ရှင်းပြပါမယ်














Paypal တည်ထောင်သူ Elon Musk အကြောင်း သိကောင်းစရာ

အသက်က ၄၂ နှစ်၊ တောင်အာဖရိက- အမေရိက လူမျိုး၊ လက်ရှိ ကမ္ဘာမှာ ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန်ရဲ့  နည်းပညာနဲ့ စက်မှုဖွံ့ဖြိုးရေးမှာ အင်မတန် အရေးပါးတဲ့ ပုဂ္ဂိုလ် တစ်ဦး ကတော့ Elon Musk ဖြစ်ပါတယ်။
Paypal ဆိုရင် အားလုံး သိကြမှာပါ။ Paypal ကိုတည်ထောင်ခဲ့သူထဲမှာ ပါဝင်သူတစ်ဦး ဖြစ်ပြီး SpaceX အမည်ရ အာကာသ ခရီးသွားလာရေး ကုမ္မဏီတည်ထောင်သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ထမ်းအင်အား ၃၀၀၀ ကျော်ရှိတဲ့ Space X ကို ဦးစီးဦးဆောင်နေသူ CEO ကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် အခြေဆိုက် လျှပ်စစ်ဓာတ်အား သုံး မော်တော်ယာဉ်နဲ့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာ၊ပစ္စည်းထုတ် Tesla Motors ကုမ္မဏီ ရဲ့  စီအီးအိုကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ပြီးတော့ Tesla Motors ကို တည်ထောင်ခဲ့သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Elon Musk တစ်ယောက် ဘာကြောင့် အမေရိကန်စီးပွားရေး နဲ့ နည်းပညာ လောကမှာ လူသိများရခြင်း ကို လေ့လာကြည့်တဲ့အခါ သူ့ရဲ့ ပရိုဖိုင်ကို ယခုလို ဖတ်ရှုလေ့လာ မိခဲ့ ပါတယ်။
မွေးဖွားရာ ဇာတိက တောင်ဖရိကမှာ ဖြစ်ပြီး ကနေဒါ နဲ့ တောင်ဖရိက လူမျိုး ဆက်တဲ့ သူ ဖြစ်ပါတယ်။ ကွန်ပြူတာ Programming ကို စိတ်ဝင်စားပြီး ဆရာမပါပဲ သူ့ကိုယ်တိုင် ငယ်ငယ်လေးကတည်းက လေ့လာ သင်ယူပါတယ်။ အသက် ၁၂ နှစ်သား ရောက်ချိန်မှာတော့ သူ့ရဲ့  ပထမဆုံး ပရိုဂရမ်ဖြစ်တဲ့ Space Game ကို ရေးဆွဲအောင်မြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ဒါက သူ့ရဲ့ ဘဝ အမှတ်တရ တစ်ခုပါ။ အသက် ၁၇ နှစ်ရောက်တော့ တောင်အာဖရိကမှာ စစ်မှုမထမ်းချင်တာနဲ့ အမေရိကန်ပြည်ထောင်စုကို အပြီးတိုင်း ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ Queen’s University တက်ပြီး စီးပွားရေး ဘာသာရပ်ကို လေ့လာ သင်ယူခဲ့ပါတယ်။ ပြီးတော့ University of Pennsylvania မှာ ရူပဗေဒ ဘာသာရပ်ကို အထူးပြုပြီး ဆက်လက် သင်ကြား လေ့လာခဲ့ ပါတယ်။ Ph.D ပါဆက်ယူဖို့ စိတ်ကူးရှိတော့ Stanford University မှာ လက်တွေ့အသုံးချ ရူပဗေဒနဲ့ Material Science ကို အထူးပြု လေ့လာသင်ကြားခဲ့ပါတယ်။
သူအထင်ကြီး လေးစားတဲ့ ပုဂ္ဂိုလ်များကတော့ Nikola Tesla, Bill Gate, Steve Jobs, Walt Disney များ ဖြစ်ပြီး သူတို့ရဲ့  ကြိုးစားမှု၊ ခံယူချက်များကို အချိန်ပေးလေ့လာခဲ့ပါတယ်။ ပြီးတော့ သူ့မှာ အိုင်ဒီယာ တစ်ခုရှိလာပါတယ်။ ယင်းအိုင်ဒီယာကတော့ အနာဂတ်မှာ လူတွေအတွက် အခက်အခဲ ရှိလာနိုင်တဲ့ နယ်ပယ် သုံးရပ်ကို ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ တစ်ခုက အင်တာနက်၊ တစ်ခုက Clean Energy, တစ်ခုက အာကာသ အစရှိသဖြင့် အိုင်ဒီယာ တစ်ခုထဲမှာ ရည်ရွယ်ချက် သုံးခုပါပြီး ပထမဦးဆုံးအနေနဲ့ အင်တာနက်လောကကို စတင် ခြေလှမ်းပါတယ်။
သူကိုယ်တိုင်က ငယ်ငယ်လေးကတည်းက Programming ကို Self taught လုပ်ခဲ့သူဖြစ်တဲ့အတွက် IT Business အတွက်ခြေလှမ်းသွက်ခဲ့ပါတယ်။ အစ်ကို အရင်းဖြစ်သူနဲ့ Zip2 အမည်ရ ဆော့ဖ်ဝဲဖြန့်ချိရေး ဝဘ်ဆိုဒ် တစ်ခု တည်ထောင်ပြီး ၁၉၉၉ ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၃၀၇ သန်းနဲ့ ရောင်းချနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ X.com လို့အမည်ရတဲ့ Paypal အွန်လိုင်း ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကိုလည်း သူငယ်ချင်းတို့နဲ့ အတူတည်ထေင်ခဲ့ပြီး ၂၀၀၂ ခုနှစ်အရောက်မှာ eBay ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံနဲ့ ရောင်းချ နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထဲ မှာ Paypal မှာ သူ့ရဲ့  ရှယ်ယာတွေ အများစု ပါဝင်နေပါသေးတယ။်
အင်တာနက်မှာ အောင်မြင်ပြီး သူနောက်ထပ် လှမ်းလိုက်တဲ့ ခြေလှမ်း ကတော့ အာကာသ ဖြစ်ပြီး Space X အမည်ရ ကုမ္မဏီကို တည်ထောင်ခဲ့ ပါတယ်။ Falcon 1, Falcon 9 နှစ်စီးဟာ သူပိုင်တဲ့ အာကာသ ယာဉ်ပျံ များ ဖြစ်လာပြီး အမေရိကန်ရဲ့  အရေးကြီးတဲ့ အာကာသ ပို့ဆောင်ဆက် သွယ်ရေးနဲ့ နည်းပညာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် သူ့ရဲ့  လုပ်ငန်းကို လာရောက် လေ့လာရတဲ့အထိ ဖြစ်ခဲ့ပြီး အစိုးရရဲ့  ထောက်ပံ့မှုလည်း ရရှိခဲ့တဲ့ အာကာသ ပို့ဆောင်ဆက်သွယ်ရေး ကုမ္မဏီတစ်ခု ဖြစ်ခဲ့ပါတယ်။ NASA နဲ့ ၁.၆ ဘီလျံတန်တဲ့ စာချုပ်ရရှိထားပြီး ပို့ဆောင်ဆက်သွယ်ရေးကို တာဝန်ယူထားပေးရပါတယ်။
နောက်ထပ်ခြေလှမ်းတစ်ခုကတော့ Tesla Motors ပါ။ ၂၀၀၃ ခုနှစ်က Space X ကိုလည်း လုပ်ကိုင်နေစဉ် ပူးတွဲ တည်ထောင်ခဲ့ပြီး အမေရိကန်ရဲ့  ပထမဆုံး နည်းပညာမြင့် လျှပ်စစ်ဆလွန်းများ ထုတ်လုပ်ပြသ နိုင်ခဲ့ ပါတယ်။ တိုယိုတာ၊ Daimler တို့ က ရှယ်ယာလာခွဲဝယ်ရတဲ့အထိ သူ့မှာ အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ခဲ့ပြီး Tesla မှာ စီအီးအိုအဖြစ် ယနေ့တိုင် လုပ်ကိုင်နေပါတယ်။ Tesla မှာ သူ့ရဲ့ လစာက တစ်လကို ၁ ဒေါ်လာ တည်းပါ။ သို့ပေမယ့် သူပိုင်တဲ့ ရှယ်ယာက ၃၂ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ကုမ္မဏီကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး။
ကဏ္ဍကြီး သုံးခု ဖြစ်တဲ့ အင်တာနက်၊ အာကာသ၊ မော်တော်ယာဉ် သုံးခုစလုံးကို ခြေလှမ်းလှမ်းပြီး လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ အောင်မြင်မှု ရရှိတဲ့ ပုဂ္ဂိုလ်အဖြစ် Elon Musk ဟာ ကမ္ဘာမှာ စီးပွားရေး အမြင်ရှိသူများ စာရင်းထဲ ထိပ်တန်းပါဝင်လာပါတယ်။ စီးပွားရေးအမြင်တင်မက အိုင်တီနဲ့ နည်းပညာ မှာပါ တီထွင်ဥာဏ်စွမ်းရှိတဲ့ Elon Musk ဟာ အမေရိကန်ရဲ့  အားထားရတဲ့ စီးပွားရေးနဲ့ နည်းပညာရှင်တစ်ဦးအဖြစ် လည်း သိထား ကြပါတယ်။ အခြားသော စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းငယ်များကိုလည်း တည်ထောင်ထားပါသေးတယ်။
လက်ရှိ သူပိုင်ဆိုင်တဲ့ ငွေကြေး တန်ဖိုးဟာ ၇.၇ ဘီလျံရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
Ref: wiki

Jailbreaking အတွက်အကောင်းဆုံးလက်တွေ့များ


၁) Jailbreak မလုပ်ခင်မှာ user တွေအနေနဲ့ iCloud (သို့) iTunes မှာ BackUp လုပ်ထား
သင့်တဲ့အစိတ်အပိုင်းဟာ iDevice ကို Jailbreak မလုပ်မီအရေးကြီး
တဲ့အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ Contacts, Photos စတာတွေကို
သိမ်းထားပေးတာဖြစ်ပြီး Backup လုပ်ထားတာကိုပြန်လည်ရယူနိုင်
မှာဖြစ်ပါတယ်။

၂) iDevice ရဲ့Setting>
General> software update
(OTA-on.the.air) ကနေမိမိ iDevices ကို Update မလုပ်သင့်
ပါ။ Update လုပ်ခြင်းအားဖြင့်
ပြဿနာတစုံတ
ခုဖြစ်စေနိုင်ပါတယ်။ Evasion & Pangu
Jailbreak Tools တွေဟာ OTA update
ကိုပထမဆုံးအနေနဲ့တားမြစ်ထားတာ။
ဖြစ်ပါတယ်။

၃) Jailbreaked ပြုလုပ်ပြီးသော iDevices
ထဲမှာရှိတဲ့ Cydia ထဲကမသိတဲ့အရာတွေ
မဖျက်မိပါစေနဲ့။ ဒီလိုဖြတ်ခြင်းဖြင့် iDevice
ကို Restore ပြုလုပ်စေမယ့်ပြဿနာတွေ
ဖြစ်ပေါ်နိုင်တယ်ဆိုပါတယ်။ ဥပမာ။ မသိ
တဲ့ Tweak တခုကိုသွင်းလိုက်လို့ restart
ပြုလုပ်ရမည်ဆိုပါက Boot Loop လို့ခေါ်
တဲ့ Apple Logo ကနေမတတ်တော့ပဲ
Restore ပြုလုပ်ရမည်ကိုဆိုထားပါတယ်။

၎) OpenSSH ကို Cydia ကနေသွင်းထားရပါ
မယ်။ OpenSSH ဆိုတာ iDevice အတွက်
Mac or PC ကနေဖိုင်တွေသွင်းနိုင်ထုပ်နိုင်
ခွင့်ဖို့။ root filesystem တွင်းဝင်ရောက်
ဖို့အတွက်ပါ။ Mac or PC ကနေ WinSCP
Cyberduck တို့လို FTP program ကို run
နိုင်မယ့် software သုံးပြီး Root
Filesystem ထဲဝင်ရောက်နိုင်မှာဖြစ်ပါတယ်
FTP ဆိုတာ File Transfering Protocol
ဖြစ်ပြီး တူညီတဲ့ Host တခုကိုသုံးပြီး PC
Or Mac နဲ့ iDevice ကိုချိတ်ဆက်ပေးမယ့်
Program ဖြစ်ပါတယ်။ တူညီတဲ့ Host ဆို
တာသုံးနေတဲ့ WiFi တခုကို PC or Mac နဲ့
iDevice မှာအသုံးပြုရမှာဖြစ်ပါတယ်။ ဒါမှ
တူညီတဲ့ IP Address ရနိုင်မှာပါ။ iDevice
ရဲ့ root filesystem ထဲဝင်ရာမှာလည်း
လုံခြုံမှုရှိတဲ့ password ခံထားပါတယ်။
Password ကိုလည်းပြောင်းပေးနိုင်ပါတယ်

၅) Apple File Comduit "2" Tweak (သို့)
Afc2add Tweak ကို Cydia ကနေ iDevice
ထဲသွင်းထားခြင်းဖြင့် Mac or PC ကနေ
iFunbox, iTools တို့သုံးတဲ့အခါမှာ iDevice
ကို Root Access ရပြီး Root Filesystem
ထဲဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

၆) iFile tweak ဟာမရှိမဖြစ်အသုံးဝင်တဲ့
Tweak လေးပါ။ iFile ဟာ iDevice ရဲ့
root filesystem ထဲကဖိုင်တွေကိုကြည့်နိုင်
ခြင်း, စီမံခန့်ခွဲခြင်းများပြုလုပ်နိုင်ခြင်းတို့
ကြောင့် user တွေ iDevice မှာသွင်းထား
သင့်ပါတယ်။ တခါတရံမှာ iDevice ကို
Crash ဖြစ်စေနိုင်မယ့် tweak list တွေကို
လည်း var> mobile> library> logs>
Crashreport ဖိုင်ထဲတွင်ဝင်ရောက်ကြည့်
နိုင်ပါတယ်။

၇) iDevice ဟာ safe mode နဲ့ reboot loop
ဖြစ်နေပြီဆိုရင် home+ power ခလုပ်တွဲ
နှိပ်ပြီး apple logo ပြန်ပေါ်လာချိန်
Volune+ ခလုပ်ကိုဖိနှိပ်ထားပြီး home
Screen ပြန်ပေါ်လာချိန်မှာ cydia ထဲဝင်ပြီး
ပြဿနာဖြစ်စေတဲ့ Tweak ကိုထုပ်ပြီး
Restart ချပေးခြင်းဖြင့် iDevice ကိုပြန်ပြီး
ကောင်းအောင်ဆောင်ရွက်နိုင်ပါတယ်။

၈) iDevice ကိုအလျင်စလို jailbreak ပြုလုပ်
ချိန်မှာ passcode lockကိုဖြုတ်မထားခဲ့
မိလျှင်လည်း ပြဿနာတစုံတရာဖြစ်ပေါ်စေ
နိုင်ပါတယ်။ အကောင်းဆုံးက jailbreak
လုပ်တာပဲဖြစ်ဖြစ် IPSW ပြန်တင်တာပဲဖြစ်
ဖြစ် passcode lock, iCloud, Apple ID
များကိုဖြုတ်ထား မသွင်းထားလျင်ပိုမိုအဆင်
ပါတယ်။

၉) iDevice ကို speed up လုပ်ချင်ရင်
iCleaner Pro ကို Cydia မှသွင်းထားဖို့
လိုအပ်ပါတယ်။ iCleaner Pro ဟာမလိုအပ်
ဖိုင်တွေကိုရှင်းလင်းပေတာကြောင့် iDevice
ရဲ့မြန်နှုန်းကိုမြှင့်တင်ပေးနိုင်ပါတယ်။ မလို
လားအပ်တဲ့ဖိုင်တွေရဲ့လုပ်ဆောင်ချက်ကို
ရပ်တန့်ပေးတာကြောင့်မြန်နှုန်းမြင့်လာခြင်း
ပါ။ iDevice မှာမလိုလားအပ်တဲ့ဖိုင်တွေ
Run နေတာ iDevice ကိုနှေးကွေးစေပါ
တယ်။

၁၀) Packages တိုင်းကို source တွေကနေ
install လုပ်ရင် cydia ပြဿနာဖြစ်တတ်
ပါတယ်။ လိုအပ်သော Source များနဲ့
Tweak တွေကိုသာသုံးသင့်ပါတယ်။
မလိုလားအပ်တဲ့ Source & Tweak တွေ
သုံးခြင်းဖြင့် iDevice ရဲ့ RAM ကိုနှေးစေ
တဲ့အပြင် iDevice နှင့်မကိုက်ညီလျှင်
Safe mode ခဏခဏဝင်နေပါမယ်။

၁၁) Jailbreak လုပ်ထားပြီးသား iDevice တွေ
မှာ Latest Firmware Update ပေးတဲ့
အခါ Update လုပ်ပါက Jailbreak Data
တွေပျောက်မှာဖြစ်ပါတယ်။ 
 
(Credit) MMAS

>> Online ပေါ်က ကြော်ငြာတွေကို Click လုပ်ရုံနဲ့ လစဉ်ဝင်ငွေရှိနိုင်မည့် နည်းလမ်းများ <<



ကြော်ငြာတွေကို စတင် Click လုပ်ဖို့ အရင်ဆုံး Leader (ကိုယ်စားလှယ်) တွေဆီမှာ အောက်ပါ Member Form ကိုအရင်ဖြည့်ရပါမယ်။
(အခကြေးငွေ လုံးဝပေးစရာမလိုပါဘူး)
>>>>> Name / NRC No. / Date Of Birth / Address / Phone / Email <<<<<
Online ကနေ Form ဖြည့်ချင်ရင်လည်း ထိုအချက်အလက်တွေကို ရေးပြီး E-mail, Viber, Facebook ဒါမှမဟုတ် Phone ကနေတစ်ဆင့် Leader ဆီကို ဆက်သွယ်ပြီးတော့ ပေးပို့လို့ရပါတယ်။ Leader (ကိုယ်စားလှယ်) တွေက 25.7.2014 ကုပ္မဏီဖွင့်ပြီးနောက်ပိုင်းမှာ Form ဖြည့်ထားတဲ့ Member တွေဆီကို မိမိတို့ အသုံးပြုရမယ့် အကောင့်နံပါတ် (Account ID) များ ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။
ထို Account ID ရိရှိပြီးသူတွေဟာ 1.7.2014 ကစပြီး Member အမျိုးအစားနှစ်မျိုးအနေနဲ့ စတင် Click လုပ်လို့ရမှာပါ။
Member အမျိုးစား နှစ်မျိုးကတော့-
(1) Free Member Type (အခမဲ့ ကလစ်ခြင်း)
(2) Premium Member Type (အခပေး ကလစ်ခြင်း) ဆိုပြီးဖြစ်ပါတယ်။


(1) Free Member Type (အခမဲ့ ကလစ်ခြင်း)
(Online ကြော်ငြာ Click လုပ်ဖို့ မည်သည့်အခကြေးငွေမှ ပေးသွင်းစရာမလိုပါဘူး။)

Free Member အနေနဲ့ Click လုပ်ရင် ရရှိမယ့်နှုန်းကတော့
1 Click ကို ပျမ်းမျှ 5 ကျပ် ဖြစ်ပြီး တစ်နေ့လျှင် ကြော်ငြာအခုရေ 150 ခန့် Click လုပ်နိုင်ပါသည်။ (ကြာချိန်တစ်နာရီဝန်းကျင်မျှသာ)
ထို့ကြောင့် 5 Kyats x 150 times (1 Hour) = 750 Kyats
ဖုန်းဖြင့်အင်တာနက်အသုံးပြုခ 1 နာရီ = 120 ကျပ်
တစ်နေ့ကို 1 နာရီ Click လုပ်မယ်ဆိုရင် တစ်လကို အင်တာနက်အသုံးပြုခ နှုတ်အပြီး 18,900 ကျပ်ရရှိနိုင်ပါပြီ။


(2) Premium Member Type (အခပေး ကလစ်ခြင်း သို့မဟုတ် Leader အနေဖြင့် Click ခြင်း)
(Premium Member ဖြစ်လိုပါက Free Member ၀င်ထားသူများသည် Onocoro Office တွင် ငွေ 1 သိန်းကျပ် ပေးသွင်းရမည်ဖြစ်သည်။)

သို့သော် Promotion ကာလအပြီး 1.7.2014 နောက်ပိုင်းမှ စတင်၍ Premium Member ၀င်ရောက်လိုသူများကတော့ 2 သိန်းကျပ်အဖြစ် တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။
သင်သည် Premium Member တစ်ယောက်ဖြစ်သွားသည်နှင့် အောက်ပါခံစားခွင့်များကို စတင်ရရှိနိုင်ပါပြီ။
Premium Member အနေနဲ့ Click လုပ်ရင် ရရှိမယ့်နှုန်းကတော့ 1 Click ကို ပျမ်းမျှ 30 ကျပ်ဖြစ်သွားပါပြီ။
တစ်နေ့လျှင် ကြော်ငြာအခုရေ 150 ခန့် Click လုပ်မည်ဆိုလျှင် (ကြာချိန်တစ်နာရီဝန်းကျင်မျှသာ)
30 Kyats x 150 times (1 Hour) = 4500 Kyats
ဖုန်းဖြင့်အင်တာနက်အသုံးပြုခ 1 နာရီ = 120 ကျပ်
တစ်နေ့ကို 1 နာရီ Click လုပ်မည်ဆိုလျှင် တစ်လကို အင်တာနက်အသုံးပြုခ နှုတ်အပြီး 131,400 ကျပ်ရရှိစေမှာပါ။

>> Premium Member တစ်ယောက်၏ အကျိုးခံစားခွင့်များ <<
လုံခြုံရေးစနစ်ပါ International E-mail Address တစ်ခု
- ထို E-mail သည် ကုမ္ပဏီ၏ လုံခြုံစနစ်အတိုင်း ထပ်တူလုံခြုံမှုရှိပါသည်။

Official Account ID တစ်ခု
- Official Account ID သည် မိမိ မိတ်ဆက်ပေးထားသော သူငယ်ချင်းများ၏ မိတ်ဆက်လူဦးရေ၊ Point အခြေအနေ စသည်တို့ကို ကြည့်ရှုနိုင်ပါသည်။

ကိုယ်ပိုင် Blog တစ်ခု
- မိမိကြိုက်နှစ်သက်ရာများကို တင်နိုင်ရန် ကိုယ်ပိုင် Blog တစ်ခုကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။ မိမိ Blog Page ၏ညာဖက်ထောင့်တွင် ကုမ္ပဏီက ကြော်ငြာများကို ထည့်သွင်းပေးသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သော သူငယ်ချင်းများသည် ထိုကြော်ငြာများကို Click နှိပ်သွားရုံဖြင့်လည်း မိမိထံ ကြော်ငြာ Click ခများရောက်ရှိလာမှာဖြစ်ပါတယ်။

Affiliate လုပ်ငန်းနဲ့ ပါတ်သက်ပြီး လိုအပ်တဲ့ စာအုပ်စာတန်း အချက်အလက်မူရင်းများလည်းရရှိနိုမှာဖြစ်ပြီး Leader များအတွက် ဂျပန်စကားပြောသင်တန်းနှင့် Web Page/ Blog တည်ထောင်ခြင်း သင်တန်းများကိုလည်း အပတ်စဉ် အခမဲ့သင်ကြားပေးသွားမှာပါ။

>> Premium Member (Leader) တစ်ယောက်သည် နောက်ထပ်သူငယ်ချင်းများအား Free Account, Official Account ဖွင့်နိုင်ဖို့အတွက် မိတ်ဆက်ပေးခွင့်ရှိပါပြီ <<

ထိုသို့မိတ်ဆက်ရာတွင် သင်သည် Premium Member တစ်ယောက်မိတ်ဆက်ပေးပါက Member ကြေး 100,000 Ks ၏ 10% = 10,000 Ks ကို Bonus အဖြစ်ရရှိမှာဖြစ်ပါတယ်။
သင်မိတ်ဆက်ပေးလိုက်သော Premium Member က နောက်ထပ်အခြား Premium Member တစ်ယောက်ကို မိတ်ဆက်ပေးပါက သင်သည် 100,000 Ks ၏ 5% = 5,000 Ks ကို Bonus အဖြစ်ရရှိမှာဖြစ်ပါတယ်။
ထိုနည်းဖြင့် သင်တိုက်ရိုက်မိတ်ဆက်ပေးပါက 10% ရရှိနိုင်ပြီး သင်မိတ်ဆက်ထားသောသူက အခြားတစ်ယောက် ထပ်မံမိတ်ဆက်ပါက သင်သည် 5% ပြန်လည်ရရှိမည်ဖြစ်သည်။ ထိုထပ်မံမိတ်ဆက်ထားသောသူကပင် အခြားတစ်ယောက်ကို ထပ်မံပြီးမိတ်ဆက်ပါက သင်သည် 5% ထပ်မံရရှိဦးမည်ဖြစ်သည်။ ထိုသို့ဖြင့် အဆင့်ဆင့်မိတ်ဆက်သွားနိုင်သည်...

ထို့အပြင် Online ကြော်ငြာများကို စတင် Click ချိန်မှစ၍ သင့်အောက်ရှိ အဆင့်ဆင့်သော မိတ်ဆက်ထားသည့် Free Member (သို့မဟုတ်) Premium Member တစ်ယောက်ချင်းဆီ၏ Click သမျှရရှိမည့် ပိုက်ဆံ၏ 3% ကိုလည်း လစဉ် Bonus အဖြစ်ရရှိသွားမည်ဖြစ်သည်။
ဥပမာ >>>>> သင်မိတ်ဆက်ထားသော (သို့မဟုတ်) သင့်အောက်က Premium Member များမိတ်ဆက်ထားသော Free Member တစ်ယောက်သည် တစ်လကို Click လုပ်ခြင်းမှ 20,000 Ks ရမည်ဆိုလျှင် သင်သည် 20,000 Ks ၏ 3% = 600 Ks ရရှိမည်ဖြစ်သည်။ သင့်အောက်တွင် Free Member အယောက် 100 ရှိလျှင် 600 Ks x 100 = 60,000 Ks ကိုလစဉ်ရရှိနေမည်ဖြစ်သည်။
>>>>> သင်မိတ်ဆက်ထားသော (သို့မဟုတ်) သင့်အောက်က Premium Member များမိတ်ဆက်ထားသော Premium Member တစ်ယောက်သည် တစ်လကို Click လုပ်ခြင်းမှ 130,000 Ks ရမည်ဆိုလျှင် သင်သည် 130,000 Ks ၏ 3% = 3900 Ks ရရှိမည်ဖြစ်သည်။ သင့်အောက်တွင် Premium Member အယောက် 100 ရှိလျှင် 3900 Ks x 100 = 390,000 Ks ကိုလစဉ်ရရှိနေမည်ဖြစ်သည်။


>> Online ကြော်ငြာများကို Click လုပ်ပြီး လစဉ်ပုံမှန်ဝင်ငွေရရှိနိုင်ရန်အတွက် အောက်ပါ Leader များထံတွင် Register အခမဲ့ပြုလုပ်နိုင်ပါပြီ <<
(မိမိသိရှိလိုသည်များကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။)
- Aung Chit San >> 09 448032819 >> Facebook -
Sai Thetmonoo
- Min Thu Aung >> 09 250270675 >> Facebook -
Min Thu Aung
- Khaing Thwe >> 09 421096488 >> Facebook -
Phyu Zin
- Thandar Aung >> 09 250202686
- Aung Phone >> 09 31239033
- Pyae Phyo Ko >> 09 421011437 >> Facebook -
Black Cor
- Ko Ko Yu >> 09 420278292 >> Facebook -
Zu Latt
- Ei Ei Pyone >> 09 43152596 >> Facebook -
Ei Pyone
အထက်ပါ Leader များထဲမှ တစ်ဦးဦးထံသို့ Phone , Viber သို့မဟုတ် Facebook Message တွင်
Name -
NRC No. -
Date Of Birth -
Address -
Phone -
Email -
စသည့်အချက်အလက်များကို ပြည့်စုံစွာရေးသားပြီး (အခမဲ့) Register ပြုလုပ်နိုင်ပါပြီ။
လူကိုယ်တိုင်လာရောက်လေ့လာလို့ပါက တိုက် ၁၁၊ ပထမထပ်၊ လှည်းတန်း ၁ လမ်း၊ ကမာရွတ်မြို့နယ် အောင်မြင်ကြီးပွားရေး သင်တန်းကျောင်း အောင်မေတ္တာ သို့သွားရောက် မေးမြန်းနိုင်ပါတယ်။

အခုခေတ်စားနေတဲ့စာအုပ်

Romanbot  စာအုပ်


Download  ဒီမှာ

ရန်ကုန်လမ်းညွန်မြေပုံ

ရန်ကုန်မြို့

လမ်း ညွှန်မြေပုံ



Download   ဒီမှာနော်

ရ်ရန်အပြည့်အစုံဖတ်ရန် >> http://www.mssk.info
အပြည့်အစုံဖတ်ရန် >> http://www.mssk.info