This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Find Hotels

Booking.com
http://static1.freebitco.in/banners/728x90-3.png

Wednesday, June 3, 2015

စာမေးပွဲ အောင်စာရင်း

    မူရင်းလင့်                         http://downloadmyanmarappstore.com/?p=461


၆.၆.၂၀၁၅ မှာ ထွက်ရှိမှာ ဖြစ်တဲ့ မြန်မာ တက္ကသိုလ် ဝင်ခွင့် အောင်စာရင်းကို ဖုန်းကနေ အလွယ်တကူ ကြည့်ရှု နိုင်ပါသည်။
အားလုံးပဲ အောင်မြင် ကြပါစေ ပျော်ရွင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။



Download    Mediafire

Download    Dropbox

Download    pCloud







Monday, June 1, 2015

အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ဆို့

အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ဆို့

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါတယ်။ 

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ Spyware, Mailware, Virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (Share)
အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ 



ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာ ကို ချောင်းရိုက် ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကိုအမျိုးသမီးများကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။ 



 ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှုကြောင့်ဆိုတာတွေ့နေရပါတယ်။ အမျိုးကောင်းသမီးများအနေနဲ့ဒီလိုအဖြစ်မျိုးတွေကရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။ ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။ 
  
၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ်   နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။ 
 ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။


 ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (Delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော Recovery Software မြောက်များစွာ ရှိနေပါတယ်။ အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။ ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။ 
 ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။ အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် Network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။ 



 ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက Share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။ Cracker တို့ Hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။
 ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။ VZO Chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။ ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။ မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)


 ၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။ ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် (ဥပမာ အ၀တ်အစားလဲတာ)နေရတော့မယ်ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆိုကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။ 



 ၈။ Spy Camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို Spy Camera  တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို Spy Camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။ တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။ ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ Super Market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။ 
၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။ 


  ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူ့မျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။ မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။နောက်ဆုံးအဆင့်မျက်နှာလေး ဖျက်ပေးတာပဲဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။ 

 
 
မှကူးယူဖော်ပြသည်။






လူတော်လူကောင်း ဖြစ်ရုံနှင့် မပြီးပါ... ???????????????????????

*လူတော်လူကောင်း*
လူတော်လူကောင်းဆိုသည်မှာ လူတော်နှင့်လူကောင်းကို ပေါင်းခေါ်ထားခြင်းဖြစ်သည်။ လူတော်ဆိုသည်မှာ စေ့စပ်သေချာခြင်း ဖျက်လတ်သွက်လက်ခြင်း ဥာဏ်အမြော်အမြင်ရှိခြင်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း တာဝန်ယူတက်ခြင်း လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်တက်ခြင်း လူ့အလိုက်ကို သိတက်ခြင်း စကားအပြောအဆို လိမ္မာခြင်း စည်းရုံးဦးဆောင်နိုင်ခြင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းတို့သည်
လူတော်တို့၏ စရိုက်လက္ခဏာများဖြစ်သည်။
လူကောင်းဆိုသည်မှာ ရိုးသားခြင်း လေးစားလိုက်နာတက်ခြင်း တည်ကြည်ဖြောင့်မတ်ခြင်း သစ္စာရှိခြင်း ကိုယ်ကျင့်သီလကောင်းမွန်ခြင်း ကိုယ်ချင်းစာနာတက်ခြင်း သည်းခံခွင့်လွှတ်တက်ခြင်း သူတစ်ပါးထိခိုက်နစ်နာအောင် မပြုလုပ်ခြင်းတို့သည် လူကောင်းတို့၏ အရည်အသွေးများဖြစ်ပါသည်။
လူတော်လူကောင်းသည် ရှား၏။ လူတိုင်းမဖြစ်နိုင်ပါ။ လူတော်နေသော်လည်း မကောင်း လူကောင်းဖြစ်သော်လည်း မတော်တာမျိုးတွေ တွေ့ရတက်သည်။ လူတော်လူကောင်းဖြစ်ပါက ထိုသူသည် အနှေးနှင့်အမြန် အောင်မြင်မှာ သေချာသည်။
လူတော်လူကောင်း အလိုလိုဖြစ်လာသည်မရှိပါ။လူတော်လူကောင်းဖြစ်အောင် မိမိဘာသာ ပြုစုပျိုးထောင် လေ့ကျင့်ယူရသည်။ လူတော်ဖြစ်အောင် အချိန်ကြာကြာ လေ့ကျင့်ပျိုးထောင်ယူရသည်။ လူကောင်းဖြစ်ရန်အတွက်မူ အချိန်အကြာကြီး လေ့ကျင့်သင်ယူရန် မလိုပါ။ စောင့်ထိန်းနိုင်ဖို့သာ အရေးကြီးသည်။ မလုပ်သင့်တာ မလုပ်ဖို့ မဖြစ်သင့်တာမဖြစ်ဖို့ မပြောသင့်တာမပြောဖို့ စောင့်ထိန်းနိုင်လျှင် လူကောင်းဖြစ်ရန် အတော်နီးစပ်သည်။
လူတော်နှင့်လူကောင်းသည် ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းပမာ ကပ်လျက်ရှိ၏။ လူတော်ဖြစ်လျှင် လူကောင်းဖြစ်အောင် ကြိုးစားဖို့လွယ်သည်။ လူကောင်းဖြစ်လျှင် လူတော်ဖြစ်ရန်ကြိုးစားဖို့ မခက်ပါ။ လူတော်လူကောင်းဖြစ်အောင် ကြိုးစားနိုင်လျှင်တော့ အကောင်းဆုံးဖြစ်ပါသည်။
ထိုကဲ့သို့သော လူများအတွက် အလွန်အရေးကြီးသော လိုအပ်ချက်တစ်ခုရှိလာပြန်ပါပြီ။ လူချမ်းသာဖြစ်ရန် ဖြစ်ပါသည်။
ယနေ့ ကမ္ဘာ့ပေါ်တွင် လူတိုင်း ငွေလိုအပ်ပါသည်။ ငွေသည် လောကတွင် ရပ်တည်နိုင်ရေးအတွက် အဓိက လက်နက်ကိရိယာ ဖြစ်ပါသည်။
လူတော်တော်များများသည် ဥစ္စာရှာဖွေရန် ပညာအရင်ဆုံးသင်ရမည်ဟု ပြောလေ့ရှိကြသည်။ သို့သော် တကယ်တမ်း စဉ်းစားကြည့်လျှင် ထိုပညာသင်ရန် သင့်တွင် ၀င်ငွေရှိဖို့လိုအပ်သည်မဟုတ်လား။
သေချာမြင်အောင် ကြည့်ပါ။ ယနေ့ လူတိုင်း ငွေလိုအပ်နေကြပါသည်။ ငွေမရှိဘဲ ဘာမှလုပ်လို့မရပါ။ ငွေဖြင့်သာ သင့်ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပါသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးခြင်း မဖွံြ့ဖိုးခြင်းမှာ ငွေပိုင်ဆိုင်မှုပေါ်မူတည်နေပါသည်။ ယနေ့ ကျနော်တို့ မြန်မာပြည် မတိုးတက်ရခြင်းမှာ ဆင်းရဲခြင်းကြောင့်ပင် ဖြစ်ပါသည်။
ဆင်းရဲရခြင်းမှာ အဓိကနှင့်သာမည မခွဲတတ်ခြင်းကြောင့်ပင်။ ဟုတ်သည်... မြန်မာပြည်တွင် မယောင်ရာဆီလူးနေသည်က များနေသည်။ လူငယ်တွေကို မြေတောင်မြောက်ပေးသည်ဆိုပြီး အလုပ်အကိုင်တောင် မပေးနိုင်။ ဘွဲ့ရ အလုပ်လက်မဲ့တွေက များနေသည်။
တကယ်တမ်းမှာ ဥစ္စာပြည့်စုံမှ ပညာလည်းရှာနိုင်မှာပါ။ အခုပညာသင်စရိတ်တွေ ဘယ်လောက်ဈေးကြီးလဲဆိုတာ လူတိုင်းအသိပါ။
အဓိကက ၀င်ငွေရှာဖွေနည်းကို သင်ရမည်ဖြစ်ပါသည်။ တကယ့်လိုအပ်ချက်ကို သိရပါမည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံကြီး ချီးတွင်းထဲက ပြန်တက်နိုင်တော့မည်မဟုတ်ပါ။
လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အဓိကအသုံးပြုရသည်မှာ ငွေကြေးသာဖြစ်သည်။
ငွေကြေးလွတ်မြောက်မှုရှိလျှင် ဘ၀တွင် သာယာပျော်ရွင်သော ဘ၀ကို မုချပိုင်ဆိုင်ရမည်မှာမလွဲပါ။ လူတိုင်း ငွေအတွက် သောကရောက်နေကြရသည်။
ထို့ကြောင့် သူတပါးထံတွင် ၀န်ထမ်းလုပ်ကြသည်။ တကယ်တမ်း အကျိုးရလာဒ်မှာ အနည်းငယ်သာရှိသည်။
မိမိဘ၀တွင် တန်ဖိုးအရှိုဆုံး အချိန်များဖြစ်သည့် မနက် ကိုးနာရီလောက်မှ ညနေ 5နာရီလောက်ထိကို ပေးဆပ်ထားရသည်။ လုပ်ချင်သည့်အရာများကို လွတ်လပ်စွာ မလုပ်ဆောင်နိုင်ပေ။
အထက်ပါတို့နှင့် စပ်လျဉ်းပြီး ESBI (၀န်ထမ်းဘ၀မှ လွတ်မြောက်နည်း)ကို နောက်ပိုင်းတွင် ဆက်ပြောပြပေးသွားပါမည်။
ဖတ်ပြီး တစ်ခုခုရသွားပါက Like & comment ဖြင့် အသိအမှတ်ပြူပေးပါရန် smile emoticon
ဖြစ်ချင်တာ ဖြစ်ရမည်။ ကြိုးစားက ဘုရားပင် ဖြစ်နိုင်သေးသည် မဟုတ်လော.....


Thursday, May 14, 2015

စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ တွေ့ကြုံရမယ့် အခက် အခဲ ၅ ချက်


၁။ တည်ငြိမ်မှု
အလုပ် စလုပ်ထဲ က ဒီလုပ်ငန်း က အောင်မြင်မယ် ဆိုတဲ့ အာမခံချက် မရှိပါဘူး။ ဒီလို လုပ်ငန်း စလုပ် ဖို့တုံး က စဉ်းစားထားတွေ က တော့ လန်ထွက်နေအောင်ကောင်းပါတယ်။ လ အတော် အတန်ကြာအောင် ကြိုးစားသွားရမှာပါ။
၂။ အလုပ် နဲ့ ဘဝ
အောင်မြင်ဖို့ အတွက် တည်တည်ငြိမ်ငြိမ် လုပ်ငန်း တခု ရရှိဖို့ ကိုယ် စတင်ထား တဲ့ အလုပ် ကို အသက်ဝင်အောင် လုပ်ရင်း လောဘ တွေ ကြီး ရင်း နဲ့ ကိုယ့်ရဲ့ လက်ရှိဖောက်သည် ဖောက်သည် ဖြစ်နိုင်ချေ ရှိတဲ့ လူတွေ ကို ပေးရတဲ့ အချိန်တွေ က တအားများ လာ တော့ ကိုယ့်မြို့ထဲတောင် ဘာတွေ ပြောင်းသွားမှန်း မသိတော့ဘူး။ အိမ်လည်း ပြန်မကြည့်နိုင်တော့ ကိုယ့် အသိတွေ က အလုပ် လုပ်တဲ့နေရာ ရယ် ၊ အိပ်တဲ့နေရာ လောက် ကို ပဲသိတော့တယ်။ ဒီတော့ အိမ်သူအိမ်သား များ က ....
၃။ ၀င်ငွေ
ဝင်ငွေ က တော့ သိပ်စိတ်ဝင်စား စရာ ကောင်းပါတယ်။ အခု လုပ်နေတဲ့ အလုပ် မလုပ်ခင် မှာ အခြား ကိုယ်ပိုင် အလုပ် တော် တော် များများ လုပ်ဖြစ်ခဲ့ပါတယ်။ ပုံမှန် ၀င်ငွေ မရှိလို့ တရက် ၅၀၀ကျပ် နဲ့ ရန်ကုန်မြို့ မှာ အလုပ်အပ်မယ့်သူကို ရှာခဲ့ဖူးပါတယ်။
အလုပ် မစ ခင် မှာ ကိုယ့်မှာ အလုပ်အပ်မယ့် လူတွေ သေသေချာချာ ရ နိုင်မယ့် marketing plan တခု ရှိရပါမယ်။ ဒီ plan က သာ ကိုယ့် ကို သေချာ တဲ့ ၀င်ငွေ တခု ဖြစ်လာနိုင်စေမှာပါ။
၎။ အိပ်ချိန်
အိပ်ဖို့ က တော့ အရေးကြီးပါတယ်။ အများစု က အိပ်ချိန် မမှန်ကြဘူး။ အိပ်ချိန်ကို မှန်သွားတယ် ဆို အလုပ် တွေ ပို လုပ် နိုင်မယ် ဆို တာ အံ့အားသင့် သွား အောင် အလုပ် လုပ် လို့ ရမယ့် အချိန်တွေ ထွက်လာပါလိမ့်မယ်။
၅။ သက်တောင့်သက်သာဖြစ်မှု
အေးဆေး နေ လို့ ရမယ့် အနေအထား က နေ စွန့်စွန့်စားစား လုပ်ရမယ့် အခြေအနေ ကို ပြောင်းရပါမယ်။ ဒါဟာ လခစား အလုပ် က နေပြောင်းတာ တခုထဲ မဟုတ်ဘဲ နေ့တိုင်းနီးပါး စိန်ခေါ်ခံရမယ်။ ဒါဟာ လည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ရ နိုင်မယ့် ခံစားမှုတွေပါ။ နေ့တိုင်းနီးပါး စိန်ခေါ်ခံ နေ ရ တာ ဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ရဲ့ နေ့တိုင်းလုပ်ခွင့်ရတဲ့ ရင်းနှီးမြှပ်နှံမှုပါ။
သက်အောင်မင်းလတ်
Diamond Consultant Group
ref:http://www.entrepreneur.com/article/245203

အောင်မြင်ကြီးပွားချင်ရင်Burning Desireရှိရမယ်။


ဒီpostလေးဟာ၊.ယနေ့ခေတ်လူငယ်လေးတွေကိုရည်ညွှန်းပါတယ်။
၁၉၀၈ခုနှစ်လောက်မှာ၊.အဲဒီအချိန်က၊.အမေရိကန်နိုင်ငံမှာ၊.အကြွယ်ဝအချမ်းသာဆုံးသန်းကြွယ်သူဋ္ဌေးကြီးတွေထဲက၊.တယောက်ဖြစ်တဲ့၊.အင်ဒရူးကာနယ်ဂျီဟာ၊.အသက်၂၅နှစ်သာရှိသေးတဲ့၊.သတင်းစာသမားလူငယ်လေးတယောက်ကို၊.တာဝန်တခုပေးလိုက်ပါတယ်။.လူငယ်လေးနာမည်က၊.နပိုလီယံဟီးလို့ခေါ်ပါတယ်။.သူဋ္ဌေးကြီးပေးလိုက်တဲ့တာဝန်ကတော့၊.အမေရိကန်နိုင်ငံမှာ၊.အအောင်မြင်ဆုံး(သို့မဟုတ်)အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေကိုအင်တာဗျူးလုပ်ပြီး၊.သူတို့ဘာကြောင့်အောင်မြင်လာတယ်၊.ချမ်းသာလာတယ်ဆိုတာ၊.ရှာဖွေဖို့ရယ်၊.နောက်ပြီးသာမန်လူတွေကျင့်သုံးလိုက်နာရင်အောင်မြင်နိုင်တဲ့formulaပုံသေနည်းတခုရှာဖွေဖေါ်ထုတ်ဖို့၊ဖြစ်ပါတယ်။
လူငယ်လေးနပိုလီယံဟီးဟာ၊.အမေရိကန်နိုင်ငံမှာရှိတဲ့အမေရိကန်သမတတွေ၊.မီလျံနာသူဌေးကြီးတွေစုစုပေါင်း(၅၀၀)ကျော်ကို၂၅နှစ်တိုင်တိုင်၊.လူကိုယ်တွေ့ဆုံပြီး၊.အင်တာဗျူးလုပ်မေးမြန်းခဲ့ပါတယ်။.သူအင်တာဗျူးလုပ်ခဲ့သူတွေဟာ၊.မိဘအမွေအနှစ်၊.ဂုဏ်အရှိန်အဝါကြောင့်မပါပဲ၊.ကိုယ့်ဒူးကိုယ်ချွန်ပြီးအောင်မြင်ကြီးပွားလာတဲ့လူတွေချည်းပါပဲ။.သူအင်တာဗျူးလုပ်ခဲ့သူတွေထဲမှာ၊.သိပ္ပံတီထွင်ပညာရှင်ကြီးသောမတ်စ်အယ်ဒီဆင်၊.ဖို့ဒ်မော်တော်ကားစက်ရုံပိုင်ရှင်ကြီးမစ္စတာဖို့ဒ်၊.အမေရိကန်သမတရုစဗဲလ်စတဲ့မြန်မာတွေသိကြတဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေလဲပါဝင်ကြပါတယ်။
နောက်ဆုံးတော့၊.အဲဒီပုဂ္ဂိုလ်တွေအားလုံးမှာတူညီတဲ့အရည်အချင်းတခုကို၊.သူတွေ့မိလိုက်ပါတယ်။
အဲဒါကတော့၊.သူတို့အားလုံးဟာအောင်မြင်ချင်တဲ့၊.ချမ်းသာချင်တဲ့Burning_Desireရှိကြတယ်ဆိုတာပါပဲ။.မြန်မာလိုပြောရရင်၊.မြန်မာလိုပြောရရင်၊.ပြင်းပြသောလိုချင်ဆန္ဒလို့ခေါ်မယ်ထင်ပါတယ်။
Burning_Desireဆိုတာကို၊.လွယ်လွယ်နဲ့ဥပမာပေးရမယ်ဆိုရင်.ကောင်မလေးတယောက်ကိုကြိုက်မိတယ်ဗျာ။.စွဲစွဲလန်းလန်းကိုကြိုက်တာ။.အဲဒီတော့၊.တနေ့လုံးသူ့မျက်နှာလေးကိုပဲ၊.မြင်ယောင်နေမိတယ်။.အိပ်ရင်တောင်၊.အိပ်မက်ထဲမက်တဲ့အထိစွဲလန်းနေတယ်။.စားလဲဒီစိတ်၊.အိပ်လဲဒီစိတ်ဆိုတာလိုပေါ့။.သူအချစ်ကို၊.မရ၊.ရအောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတယ်။.တချို့လူငယ်လေးတွေဆိုရင်လဲ၊.တနေ့ကျရင်၊.ငါနိင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်ဘောလုံးသမားတယောက်ဖြစ်ဖို့.ထမင်းမေ့.ဟင်းမေ့ခံ၊.စာမေးပွဲအကျခံပြီးဘောလုံးပဲကန်နေတယ်။.ကျန်တာအားလုံး၊.စိတ်မဝင်စားဘူး။.အဲဒါ၊.Burning_Desireပါပဲ။
အဲဒီတော့၊.အောင်မြင်ချင်တဲ့လူငယ်တွေ၊.ကြီးပွားချမ်းသာချင်တဲ့လူငယ်လေးတွေဟာ၊.အဲဒီBurning_Desireဆိုတာ.ငါတို့မှာ.ရှိကြရဲ့လားလို့.ကို့ကိုယ်ကိုပြန်လည်ဆန်းစစ်စေချင်တယ်။
နောက်တခု၊.နပိုလီယံဟီးပြောတာက၊.သူအင်တာဗျူးလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေမှာ.Definiteness._of_Purpose.ဆိုတာလဲ.ရှိကြတယ်တဲ့။.တိကျပြတ်သားသောရည်မှန်းချက်လို့ခေါ်မှာပေါ့။.ငါဘာဖြစ်ချင်တယ်ဆိုတာကောင်းကောင်းသိတယ်။.ငါဒီနေ.၊.ဒီနေ့ဒီအချိန်ကစပြီး၊.နောက်ဘယ်နစ်နှစ်ကြရင်၊.ငါဖြစ်ချင်တာ.ဖြစ်ကိုဖြစ်ရမယ်လို့၊.လုံးဝဆုံးဖြတ်ထားတာကိုဆိုလိုပါတယ်။
အဲဒီ၂ချက်ပြည့်စုံရင်၊.သေချာပေါက်အောင်မြင်ကြီးပွားမယ်လို့.ယနေ့တိုင်ကမ္ဘာပေါ်မှာသန်းပေါင်းများစွာရောင်းနေရတဲ့၊.သူ့ရဲ့Think_and_Grow_Richအမည်ရတဲ့စာအုပ်ထဲမှာ၊.ရေးသားဖေါ်ပြခဲ့ပါတယ်။
ဒီခေတ်ကြီးမှာ.အာရုံထွေပြားစရာ.အလွန်များပါတယ်။.-ရုပ်ရှင်.တီဗွီ.အင်တာနက်.Viber,facebookစတာတွေစုံနေတာပဲ။.အဲဒီတော့.လူငယ်တွေလဲ.အာရုံထွေပြားလို့.သူတို့မှာ.ဖြစ်ချင်တာတွေများနေကြတယ်။.ဖြစ်ချင်တာတွေကလဲ.မကြာခနပြောင်းလဲတတ်ကြတယ်။.အခုရုပ်ရှင်မင်းသားဖြစ်ချင်ပြန်ပြီ၊.ခနနေ.နာမည်ကျော်အဆိုတော်လုပ်ချင်ပြန်ပြီ။.တော်ကြာ.စာရေးဆရာကြီးဖြစ်ချင်ပြန်ပြီ။.မော်ဒယ်Boyလုပ်ချင်ပြန်ပြီ။.ဒါတွေဟာ၊.စာစောကပြောတဲ့Definiteness_of_Purposeမရှိတာပါ။.တိကျခိုင်မာတဲ့ရည်မှန်းချက်မရှိဘူးပေါ့။
ကျနော်သူငယ်ချင်းတယောက်အကြောင်းပြောပြချင်ပါတယ်။.သူ့နာမည်က.ကိုလှမြင့်ပါ။.ကျနော်နဲ့တမြို့ထဲသားပါ။.ကျနော်တို့၂ယောက်RITတက်ကြတော့မှ၊သိကြတာပါ။ဒါပေမဲ့၊သူကကျနော့်ထက်.အတန်းတနှစ်ငယ်တော့.သိတ်မတွေ့ကြပါ။.တနေ့မှာ.သူကပြောပြတယ်။.သူအင်္ဂလိပ်စကားကို.ဘိုတွေလိုအရမ်းသွက်သွက်လက်လက်သိတ်ပြောတတ်ချင်တယ်တဲ့။.သူဒီလိုပြောတဲ့အချိန်က.သူ့အင်္ဂလိပ်စကားပြောဟာ.ဆိုးဆိုးဝါးဝါးကြီးကိုညံ့ပါတယ်။.အဲဒီအချိန်.-၁၉၇၀ခုနှစ်လောက်ဆိုတော့.အခုခေတ်လိုရန်ကုန်မှာ.အင်္ဂလိပ်စကားပြောသင်တန်းဆိုတာလဲ.မရှိသလောက်ပါ။.ရှိလဲ.သူ့ကအတော်ဆင်းရဲတော့.သင်တန်းတက်ဖို့ပိုက်ဆံမတတ်နိုင်ပါဘူး။.အဲဒီခေတ်က.အင်္ဂလိပ်စာလေ့လာဖို့TV, Internetမရှိဘူး။ကက်ဆက်တောင်.မရှိဘူး။
ကျနော်တို့၂ယောက်.ဘွဲ့ရကြပြီး.ရန်ကုန်မှာအလုပ်ရှာရင်းပြန်ဆုံမိကြတယ်။.အဆောင်တခုမှာ.အတူငှားနေကြတယ်။.အဲဒီအချိန်မှာ.သူဟာအံသြစရာကောင်းလောက်အောင်.သူ့ရဲ့အင်္ဂလိပ်စကားပြောဟာ.ဘိုတွေလိုမွတ်နေပြီ။.တခါတလေ.ကျနော်တို့၂ယောက်.သမတရုံမှာ.အင်္ဂလိပ်ရုပ်ရှင်အတူသွားကြည့်ကြတယ်။.ကျနော်က.ဇာတ်လမ်းကို.အကြမ်းပြင်းပဲ.နားလည်တယ်။.-ရုပ်ရှင်ပြီးလို့.အဆောင်ပြန်ရောက်.ညစာစားပြီးချိန်မှာ.သူကရုပ်ရှင်ကားထဲမှာပြောတဲ့စကားတွေကို.အသေးစိပ်ပြန်ပြောပြပါတယ်။.အင်မတန်နားထောင်လို့ကောင်းပါတယ်။.အဲဒီအခါကျမှ.ကြည့်ခဲ့တဲ့ရုပ်ရှင်ကားအရသာခံစားမိတော့တယ်။
တနေ့မှာ.သူ့ကို.ဘယ်လိုကနေ.အင်္ဂလိပ်စကားကိုခုလိုပြောတတ်သွားတာလဲလို့မေးကြည့်တယ်။သူက၊ကျနော့်ကို၊အခုလိုပြောပြပါတယ်။.သိန်းဖေရာ၊ငါတို့RITစတက်တုံးက၊မင်းကိုငါပြောခဲ့ဘူးတယ်လေ။.အင်္ဂလိပ်စကားကို.ဘိုလိုမွတ်နေအောင်ပြောတတ်ချင်တယ်လို့။.ငါရဲ့အဲဒီဆန္ဒဟာ.တနေ့တခြားပြင်းပြလာတယ်ကွာ။.ဒါပေမဲ့.မင်းသိတဲ့အတိုင်းပဲ.အင်္ဂလိပ်စကားပြောသင်တန်းတက်ဖို့.ငါ့မှာပိုက်ဆံမတတ်နိုင်ဖူး။.တနေ့ကျတော့.သူငယ်ချင်းတယောက်ကမိတ်ဆက်ပေးလို့.နိင်ငံခြားသင်္ဘောလိုက်နေတဲ့သင်္ဘောစားဖိုမှူးတယောက်နဲ့.မိတ်ဆွေဖြစ်လိုက်တယ်။.သူ့နာမည်က.မွန်တီတဲ့။.လူပျိုကြီးတယောက်ပါ။.သူက.ဘိုကပြားဆိုတော့.အင်္ဂလိပ်စကားတော်တော်ပြောတတ်တယ်။.ငါလဲ.သူသင်္ဘောနားလို့၊.ပြန်ရောက်လာရင်.သူ့ကိစ္စတွေကိုငါလိုက်ကူညီပေးတယ်ကွာ။.တိုတိုပြောရရင်တော့.သူနဲ့ငါ.ညီအကိုလိုအရမ်းခင်သွားကြတယ်။
တရက်ကျတော့.မွန်တီကငါ့ကိုပြောတယ်။.ဟေ့.လှမြင့်.ငါနောက်တပတ်သင်္ဘောပြန်တက်ရတော့မယ်။.မင်းသိတဲ့အတိုင်းငါ့မှာက.မာင်နှမရှိတာမဟုတ်ဘူး။.ငါမှာ.အမေတယောက်ပဲ.ရှိတာ။.ငါ့အမေလဲ.အသက်၇၀ကျော်ပြီကွာ။.ငါသွားရင်.ငါ့အမျိုးတွေခေါ်မထားချင်ဘူး။.ငါ့အမျိုးတွေ.ငါတို့ကိုဒုက္ခပေးခဲ့တာများပြီ။.အဲဒီတော့.ငါသွားရင်.မင်းအနဲဆုံးတပတ်တခါလောက်သွားကြည့်ပေးပါလားလို့အကူအညီတောင်းတယ်။.ငါကလဲ.စိတ်ချလက်ချတာသွား.ကျနော်သွားကြည့်ပေးမယ်လို့၊ကတိပေးလိုက်တယ်။
သူသင်္ဘောတက်သွားတာနဲ့.ငါလဲသူ့အမေအိမ်ကိုရောက်တယ်။.အဖွားကြီးနေတာက.အင်းစိန်ဆိုတော့.ငါတို့RITကြို့ကုန်းအဆောင်နဲ့နီးနီးလေးလေကွာ။.အဖွားကြီဈေးသွားရင်.ငါလဲဈေးခြင်းတောင်းဆွဲပြီးနောက်ကလိုက်ပေးတယ်။.အိမ်မှာ.သန့်ရှင်းရေးလုပ်စရာရှိရင်.လုပ်ပေးတယ်ကွာ။.စနေ.တနင်္ဂနွေလို၊.ကျာင်းပိတ်ရက်ဆိုရင်.ငါအဲဒီအိမ်မှာပဲ.အချိန်ကုန်သွားတယ်။.အေး.ငါတခုပြောဖို့မေ့နေတယ်ကွ။.အဖွားကြီးက.ဘိုမကြီးဆိုတော့.ဗမာစကားကို.ထမင်းစား.ရေသောက်လောက်ပဲပြောတတ်တယ်။.အဖွားကြီးနဲ့စတွေ့ခါစကတော့.ငါအတော်ဒုက္ခရောက်တယ်ကွာ။.ငါ့အင်္ဂလိပ်စကားကလဲ.မင်းသိတဲ့အတိုင်းပဲ.အရမ်းညံ့တာဆိုတော့။.အဖွားကြီးက.ငါ့ကိုအင်္ဂလိပ်လိုကြိုးစားပြီး.ရဲရဲပြောဖို့အားပေးတယ်။.ငါပြောတာမှားသွားရင်.အဖွားကြီးကပြင်ပေးတယ်ကွာ။.သူကလဲ.ငါလာစောင့်ရှောက်ပေးလို့.အရမ်းကျေးဇူးတင်နေတာ။.ဒါနဲ့.တခုပြောပြဖို့မေ့နေတယ်ကွ။.အဖွားကြီးပြောပြလို့.သိရတာ။.သူက.အင်္ဂလိပ်ခေတ်က.အထက်တန်းမှာအင်္ဂလိပ်စာပြပေးခဲ့တဲ့ကျောင်းဆရာမတယောက်ဖြစ်ခဲ့တာကိုး။.အဲဒီတော့ကွာ.မွန်တီသင်္ဘောထွက်သွားတိုင်း.ငါအဖွားကြီးအိမ်သွားသွားကူပေးရင်းနဲ့.၃နှစ်လောက်ကြာလာတော့.ငါအခုလိုပြောတတ်သွားတာပဲတဲ့။
ကိုလှမြင့်တယောက်လဲ.အမေရိကန်နိုင်ငံမှာရာထူးကြီးကြီးနဲ့အလုပ်လုပ်နေတယ်လို့ကြားရပါတယ်။.နောက်ပိုင်းမတွေ့ဖြစ်ကြတော့ပါဘူး။
ဒီအကြောင်းလေးဟာ.စုံထေက်ဝတ္တုတို့၊.အချစ်ဝတ္တုတွေလိုတော့.စိတ်ဝင်းစားစရာတွေမကောင်းပါဘူ။.ဒါပေမဲ့.ဒီအကြောင်းကနေ.ကျနော်တို့ဘာကောက်ချက်ချနိုင်သလဲဆိုတာ.ဆန်းစစ်ကြည့်ကြရအောင်ပါ။
ကိုလှမြင့်မှာ.Definiteness_of_Purposeဆိုတဲ့.တိကျတဲ့ဦးတည်ရည်မှန်းချက်ရှိတယ်။.အဲဒါက.အင်္ဂလိပ်စာကို.ဘိုတွေလို.အရမ်းကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်။.အဲဒီရည်မှန်းချက်ပြည့်ဖို့.သူ့မှာအမြဲတမ်းဆန္ဒပြင်းပြနေတယ်။.Burning_Desireရှိနေတယ်။.အဲဒီလို.လိုချင်စိတ်ဆန္ဒအရမ်းပြင်းပြနေတော့.သူဟာ.အခွင့်အလမ်းကိုအမြဲရှာနေတယ်။.မွန်တီနဲ့မိတ်ဆွေဖြစ်တယ်။.အခွင့်အလမ်းအစလေးပေါ်လာပြီ။.အခွင့်အလမ်းးအစလေးကို.အမိအရဖမ်းဆုတ်လိုက်တယ်။.ရတဲ့အခွင့်အရေးကို.အပျော်သဘောမထားဘူး။.ဇွဲကောင်းကောင်းနဲ့.သုံးနှစ်သုံးမိုးကြိုးစားလိုက်တယ်။.နောက်ဆုံးတော့.သူလိုချင်တဲ့ပန်းတိုင်ရောက်သွားတယ်။.အနှစ်နှစ်အလလ၊.တောင့်တခဲ့တာ.သူဖြစ်ချင်တာရသွားပြီ။
လောကကြီးမှာ၊.အာင်မြင်ချင်တယ်.ကြီးပွားချင်တယ်ဆိုရင်Definiteness_of_Purposeနဲ့Burning_Desireရှိကို.ရှိဖို့လိုပါတယ်။.ဒီ၂ခုမရှိပဲ.ငါကံကောင်းရင်ကြီးပွားမှာပဲဆိုပြီး.ထိုင်စောင့်နေသူတွေအတွက်ကတော့.ကြီးပွားမဲ့အခွင့်အလမ်းတွေဟာ.ကိုယ့်ရှေ့ကနေပဲကိုယ့်ကိုဖြတ်ကျော်သွားပါလိမ့်မယ်။.ဘာဖြစ်လို့လဲဆိုတော့.အခွင့်အလမ်းမှန်းမသိလို့ပါ။
Think_and_Grow_Richစာအုပ်ကိုဖတ်ပြီး.ဒီနည်းကိုကျင့်သုံးကြလို့.မီလီယံနာသူဋ္ဌေးကြီးတွေ.ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေဖြစ်သွားကြသူတွေ.အများကြီးပါ။.နပိုလီယံဟီးကိုယ်တိုင်လဲ.ဒီကမ္ဘာကျော်Think_and_Grow_Richစာအုပ်တအုပ်ရောင်းရငွေနဲ့ပဲ.မီလျံနာသူဋ္ဌေးကြီးတယောက်ဖြစ်သွားခဲ့ပါတယ်။
တသက်မှာ၊တခါပဲလူဖြစ်ကြရပါတယ်။လူဖြစ်ခွင့်ရတဲ့အချိန်မှာ၊ကိုယ်ဖြစ်ချင်တာလေးတောင်၊ဖြစ်အောင်မလုပ်လိုက်ရပါလားလို့၊လူငယ်လေးတွေအသက်ကြီးခါမှနောင်တမရစေချင်ပါ။
မှတ်ချက်။ အဲဒီစာအုပ်ကိုရှာဖတ်နိုင်ရင်ဖတ်ပါ။စာအုပ်ဟာ၊အတော်လေးပျင်းစရာကောင်းလို့၊လူငယ်တွေဖတ်ဖို့ဝန်လေးချင်ဝန်လေးနေလိမ့်မယ်။.ဒီစာအုပ်ကိုရှာမတွေလို.မဖတ်ရလို့လဲ.စိတ်မညစ်ပါနဲ့။.စာအုပ်တခုလုံးရဲ့အနှစ်ချုပ်ဟာ.အပေါ်မှာရေးခဲ့တာလေးတွေပါပဲ။.အခုပြောပြတဲ့နပိုလီယံဟီးရဲ့နည်းလမ်းလေးဟာ.အောင်မြင်ချမ်းသာဖို့အတွက်ချည်းပဲမှ.မဟုတ်ပါဘူး။.ကိုယ်ဖြစ်ချင်တာတခုခုရှိနေရင်လဲ.သုံးကြည့်ပါ။.ဥပမာ.ဒီနှစ်၁၀တန်းမှာ.ဂုဏ်ထူး၅ခုထွက်ရမယ်၊။.တနှစ်အတွင်းငါအင်္ဂလိပ်စာအုပ်တွေဖတ်နိုင်ရမယ်စသဖြင့်ပေါ့။.စမ်းကြည့်လို့.အရှုံးမရှိပါဘူး။
ရေးသားသူ.သိန်းဖေ(ခေတ္တ-စင်္ကာပူ)

လူငယ် နှင့် တိုးတက်ရေး


 



လူငယ် နှင့် တိုးတက်ရေး

၁။ အပြုသဘောဆောင်ပြီး အကောင်းမြင်သည့် စိတ်နေသဘောထားမျိုးကိုထားရှိပါ။ အခြားသူများ အား မိမိ၏ အကောင်းမြင်သဘောထားကို သိမြင် ခံစားစေနိုင်အောင်လုပ်ပါ။
၂။ စကားပြောရာတွင် ခင်မင်ရင်းနီးစွာ ယဉ်ကျေး သိမ်မွေ့စွာပြောဆိုပါ။
၃။ မိမိနှင့် စကားပြောဆိုနေသူကို စိတ်ပါဝင်စားစွာ ဂရုတစိုက်နားထောင်ပေးပါ။
၎။ အခြေအနေ ဆိုးကောင်းအားလုံးတွင် မိမိ၏ မျက်နှာ မပျက်ပါစေနှင့်။ သမာဓိအားဖြင့် ကိုယ်နှုတ် အမူအရာစောင့်ထိန်းပါ။
၅။ စိတ်ရှည်ပါ။
၆။ ဉာဏ်ဦးနှောက်ကို အမြဲဖွင့်ထားပါ။
၇။ အများနှင့် စကားပြောတိုင်း ယဉ်ကျေးသော အပြုံးဖြင့် ပြောဆိုဆက်ဆံပါ။
၈။ သင့်၏ အတွေးအမြင်တိုင်းကို ထုတ်ဖော် ပြရန်မလိုသည်ကို သိပါ။
၉။ အချိန်ဆွဲတတ်သည့် အကျင့်မရှိပါစေနှင့်။
၁၀။ နေ့တိုင်း ကောင်းမှုတစ်ခုပြုပါ။
၁၁။ ကျရှုံးမှုတွင် မခံမရပ်နိုင်နာကျည်းမနေပဲ သင်ခန်းစာများရယူပါ။
၁၂။ သင်နှင့် စကားပြောဆိုနေသူတိုင်းကို ဘဝမှာ အရေးကြီးဆုံး လူတစ်ယောက်ကဲ့သို့ ပြောဆိုပါ။
၁၃။ တစ်ပါးသူကို အပိုအလိုမရှိပဲ ရိုးသားစွာ ချီးမွှမ်းပါ။
၁၄။ သင်က ယုံကြည်သော သူတစ်ဦးကို သင်၏ အမှားများကို ထောက်ပြခိုင်းပါ။




https://www.facebook.com/myanmargentleman

Credit : Myanmar Investment Watch

Tuesday, May 12, 2015

SP အကြောင်းသိကောင်းစရာ


http://www.imyanmarhouse.com/news/read/395700

မှကူးယူဖော်ပြသည်။

 
SP အကြောင်းသိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com

SP (Special Power) ဆိုသည်မှာ နေရပ်လိပ်စာအတိအကျ၊ မြေတိုင်းရပ်ကွက်အမှတ်၊ ဧရိယာအကျယ်
အဝန်းအချက်အလက် အသေးစိတ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အိုးအိမ်ဦးစီးဌာန၊ စာရွက်စာတမ်းမှတ်ပုံတင်ဌာနနှင့် ရုံးဌာနအသီးသီးမှာ တရားဝင် ငှားရမ်းရန်၊ ပေးကမ်းရန်အတွက် ဆောင်ရွက်နိုင်အောင်ဆိုပြီး မူလအမည်ပေါက်ပိုင်ရှင်မှ တခြားသူတစ်ယောက်ကို လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

မူလပိုင်ရှင်၏ SP ရရှိထားသူသည် ပိုင်ရှင်မပါသော်လည်း မြေအား ဝယ်ခြင်း၊ ရောင်းခြင်း စာချုပ်ချုပ်များ ချုပ်ဆိုရောင်းချနိုင်မည်ဖြစ်သည်။ အကယ်၍ ဝယ်ယူသူသည် ပိုင်ရှင်ထံမှ SP လက်မှတ်မရှိလျှင် ထပ်ဆင့်ရောင်းဝယ် ငှားရမ်းမှုများ ပြုလုပ်၍မရပေ။

SP ကို မြေသီးသန့်အရောင်းအဝယ် ပြုလုပ်ခြင်းအတွက်သာ ပေးခြင်းဖြစ်သည်။

SP ကို မူလအမည်ပေါက်ပိုင်ရှင် တစ်ဦးတည်းကသာ ပေးပိုင်ခွင့်ရှိပါသည်။ ဥပမာ- မူလပိုင်ရှင်မှ သူ၏မြေကို မောင်ဖြူကို ရောင်းချရာဝယ် မူလပိုင်ရှင်မှ မောင်ဖြူအား SP ပေးလိုက်ပါသည်။ မောင်ဖြူမှ ၄င်း SP အားလက်ဝယ်ကိုင်ဆောင်ထားပြီး အမည်ပေါက်မလျှောက်ထားခဲ့လျှင် မောင်ဖြူမှ တခြားသူတစ်ဦးအား မြေကို ထပ်မံရောင်းချရာ SP ကို ပေး၍ မရတော့ပေ။

SP ခွင့်ပြုသက်တမ်းကုန်ဆုံးသည့်အခါ မြေအား အမည်ပေါက် လျှောက်ထားခွင့် လုံးဝမရှိတော့ပေ။ ထိုအခါ မူလပိုင်ရှင်အမည်ပေါက်လဲ မရှိတော့သည့်အချိန်မျိုးဖြစ်နေလျှင် တရားစွဲဆိုမှုများ ဖြစ်လာနိုင်သည်။

SP ကို ယခင်က ခွင့်ပြုသက်တမ်း (၁)နှစ်ပေးခဲ့ပြီး ယခုအခါ နှစ်အကန့်အသတ်မရှိ ပေးလိုက်ပါသည်။
သို့သော် မူလပိုင်ရှင် အမည်ပေါက်ဖြစ်သူ သေဆုံးခြင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူခြင်း၊ တရားဥပဒေအရ
အကျဉ်းထောင်အတွင်း အပြစ်ပေးခံရခြင်းများ ဖြစ်ပေါ်လာပါက SP သက်တမ်းမှာ အလိုအလျှောက်
ပျက်ပြယ်သွားမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် SP ကို အသုံးပြုခွင့် မရရှိတော့ပေ။

Credit : Myanmar Property News

ဂရန်မြေ၀ယ်မလို့လား သက်တမ်းကုန် မကုန်ကြည့်ဦးနော်

 
 
 

မှကူးယူဖော်ပြသည်။
 

ဂရန်မြေ၀ယ်မလို့လား သက်တမ်းကုန် မကုန်ကြည့်ဦးနော် - Property Knowledge in Myanmar from iMyanmarHouse.com

ဂရန်အိမ်ခြံမြေ ရောင်းကြ၀ယ်ကြတဲ့အခါမှာ ဂရန်ရဲ့သက်တမ်းက ကုန်နေပြီဆိုရင် ပိုင်ဆိုင်ခွင့်မရှိတော့ပဲ အသိမ်းခံရမှာမို့ သတိပြုသင့်တယ်လို့ သိရပါတယ်။

မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်၊ ပါမစ် နဲ့ ဘိုးဘွားပိုင် ဆိုပြီး ရှိပါတယ်။ ဂရန်အမျိုးအစားက အစိုးရကနေ အငှားချထားတာ ဖြစ်ပါတယ်။

ဂရန်မှာ သက်တမ်းရှိတာကြောင့် သက်တမ်းကုန်နေတာတွေကို မသိပဲ ရောင်းကြ၀ယ်ကြတာတွေက တရားမ၀င်ဘူးလို့ သိရပါတယ်။

ကိုယ့်လက်ထဲမှာရှိတဲ့ ဂရန်ကို သက်တမ်းဘယ်တော့ ကုန်မှာဆိုတာမသိပဲ ကိုင်ထားကြတာတွေရှိတယ်။ အကျိုးဆောင်ရှေ့နေ ဦးမောင်မောင်က “ဂရန်က သက်တမ်းကုန်တာနဲ့ မတိုးဘူးဆိုရင် အစိုးရက နို့တစ်စာ ထုတ်စရာမလိုဘဲ သိမ်းခွင့်ရှိတယ်၊ သက်တမ်းပြည့်တာနဲ့ မပိုင်တော့ဘူး “လို့ ရှင်းပြထားပါတယ်။

ဂရန်သက်တမ်းတိုးတဲ့အခါ အမည်ပေါက်က သေဆုံးပြီးဖြစ်ရင် အမွေဆက်ခံသူအစုံက သဘောတူညီမှု ပါရပါမယ်။ အမှုဖြစ်ပွားနေတဲ့အခါမှာ သက်တမ်းမတိုးဖြစ်ရင် အမှုပြီးမှ သက်တမ်းတိုးရင် တိုးခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဂရန်သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းကုန်ဆုံးတဲ့ မြေငှားစာချုပ်ကို လျှောက်မယ်ဆိုရင် အမည်ပေါက် ဒါမှမဟုတ် မှတ်ပုံတင်စာချုပ်အဆင့်ဆင့်နဲ့ ၀ယ်ယူထားတဲ့ နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနဲ့ ဆိုင်တဲ့ တရားရုံးစီရင်ချက်နဲ့ ဒီဂရီရယူထားသူတွေကသာ လျှောက်ထားခွင့်ရှိပါတယ်။

သတ်မှတ်ထားတဲ့ ပုံစံနဲ့အတူ နိုင်ငံသားစိစစ်ရေးကဒ်၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ၊ နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ တင်ပေးရပါမယ်။ ဌာနက စိစစ်တာမှန်ကန်မှုရှိပြီး ကန့်ကွက်မှုမရှိရင် ကော်မတီရဲ့အတည်ပြုချက် ရယူရမယ်။ အတည်ပြုချက်ယူပြီးရင် သတ်မှတ်ထားတဲ့ ၀န်ဆောင်ခ ပေးသွင်းပြီး မြေငှားဂရန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

မူရင်းဆွဲ ဂရန်နှစ်ဆောင်ကို ဌာနမှ မှတ်တမ်းအဖြစ် ထားရှိမှာပါ။ သက်တမ်းကုန်ဆုံးတဲ့ ဂရန်ကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။

Credit : The Modern Weekly

Wednesday, February 4, 2015

ကျန်းမာရေးဆိုင်ရာ


 ကျန်းမာရေးဗဟုသုတတွေကိုလေ့လာနိုင့်မည့်

Page လေးပါ Likeလုပ် ထားလိုက်နော်  သူငယ်ချင်းတို့


https://www.facebook.com/BetterLifeMMProject

Wednesday, January 14, 2015

Organic Food (အော်ဂဲနစ်) အစားအစာ

“လူသည် အစုံစား သတ္တဝါဖြစ်သည်။ အသား-ငါး၊ အသီး-အရွက်၊ ပဲစားသည်” လို့ မြန်မာတွေက ပြောတယ်။ သူများတွေက “လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့ လိုသည်” လို့ ပြောကြတယ်။ အတူတူပါဘဲ။ အသားစား-မစား ရှုဒေါင့်ကနေ ပြောတာနဲ့ ကျန်းမာရေးနဲ့ သင့်-မသင့် ဒေါင့်ကနေ ပြောတာသာ ကွာတယ်။

“ထမင်း ဘယ်ကရသလဲ၊ ထမင်းအိုးထဲက ရတယ်” လို့ ရှေးလူကြီးတွေက ရီစရာ ပြောခဲ့ကြတယ်။ အခုလည်း “စားတဲ့ အစား-အစာတွေက ဘယ်က လာသလဲ” လို့ ခေတ်လူတွေက မေးလာနေကြပြီ။ ကိုယ့်နယ်မြေ-ဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုး-မွေးမြူရေး ခြံတွေကလား၊ စားကျက်-မြက်ခင်းမွေးတွေလား၊ မြေသြဇာ-ပိုးသတ်ဆေးတွေ သုံးသလား။ ပြောသေးတယ် “ခင်ဗျား ဘာစားသလဲ ဆိုတာ ခင်ဗျားရဲ့ အဆင့်အတန်းဘဲ” တဲ့။ အဆင့်ရှိချင်ရင် Go organic လုပ်ပါ။

(အော်ဂဲနစ်) ဆိုတာဘာလဲ။ ကျောင်းစာ သင်ဘူးသူတွေတောင်မှ ခေါင်းရှုတ်ရတဲ့ စာလုံးပါ။ Organic ကို Carbon ပါတာတွေကို လေ့လာတဲ့ ဓါတုဗေဒ လို့သာ သင်ရတယ်။ "စားစရာလဲ မဟုတ်ပါလား။" နောက်မှ သိလာတာက ဈေးလည်းကြီး၊ သီးသီး သန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး။ ဘာ ကွာလို့လဲ။

“(အော်ဂဲနစ်) လုပ်ပါ၊ (ဆူပါမားကက်) က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်-ဆတ်ဆတ် ခြံထွက်စားပါ။” “ကိုယ်သိတဲ့ ခြံသမား-လယ်သမားဆီကဟာ ဝယ်စားတာ ကောင်းတယ်။” ဆိုကြပေမဲ့ အဲလို စားနိုင်တာ အမေရိကားမှာ အခုမှ ၃% ဘဲ ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ် ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုး ပြောကြတယ်။ ဈေး မနဲပေမဲ့ အဆီ နဲတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။

“(အော်ဂဲနစ်) အစာက ဈေးပိုကြီးတာကိုး” လို့ ပြောနေသူတွေက SUV (လပ်ဇူရီ-ဆလွန်း) ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင်ကောင်းဘို့သာ Show of wealth လုပ်နေကြပြီး၊ Show of health မလုပ်ကြတာ ဖြစ်နေကြတယ်။

အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေး မပါတာက ကျန်းမာရေးအရ ကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက Hormones ဟော်မုန်း သာမက Antibiotics ပဋိဇီဝဆေးတွေ ပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ် မထင်ပါနဲ့။ MRSA ဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ ဒီ (အစ်ရှူး) ခေတ်စားလာမှ Organic vs Inorganic ဆိုတာကို ပြန်ဆန်းသစ်လာကြတယ်။ အရင်က (အော်ဂဲနစ်) ဆိုတာ Biological origin ဇီဝ-အခြေခံ နဲ့ (အင်-အော်ဂဲနစ်) က Mineral ဓါတ်ဆား-အခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့ အစစ် သဘော ဆန်ဆန် မြင်လာကြတယ်။


Organic foods ဆိုတာ အတုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင် ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ (အော်ဂဲနစ်) အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုက လူတွေဘဲ။

ပိုးသတ်ဆေး သုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဥာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။

၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ (အော်ဂဲနစ်) ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှု တခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ Salmonella ပိုး ပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ စားနေတဲ့ အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်” လို့ ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် “ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိဟ်ုကြီးကိုပါ သတ်နေတာ” တဲ့။ အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီအရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချည် ဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ (ကာဗွန်) တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။

တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် High-fructose syrup အချိုရည်နဲ့ ဆားတွေ များလို့ပါ။ လူတယောက်မှာ လိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။

(အော်ဂဲနစ်) နွားနို့ Organic milk ဆိုတာ ဘာလဲ။ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို (အော်ဂဲနစ်) အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ် လွင့်လွင့် သန့်သန့်ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။


ဒါကြောင့် Organic farming မွေးမြူရေး၊ Organic clothing အဝတ်အစား၊ Organic gardening ဥယျာဉ်၊ Organic Rocks ကျောက်၊ Organic living နေထိုင်နည်း၊ Organic store ဆိုင်၊ Organic products ကုန်ပစ္စည်း၊ Organic growth ဘဏ္ဍာရေး၊ စုံနေအောင် ရှိနေပြီ။ အော်ဂဲ မနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော (အော်ဂဲနစ်) စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

Dr. တင့်ဆွေ
From : myanmarcnn

မူရင်းလင့်
http://loverchi.blogspot.com/p/blog-page_3.html

သဘာဝ နည်းကျ အော်ဂဲနစ် စိုက်ပျိုးရေး စနစ်


အော်ဂဲနစ် စနစ် ဟူသည် သဘာဝ ပတ် ဝန်းကျင်နှင့် ဆက်နွယ် နေသော စီမံ ခန့်ခွဲမှု စနစ် တစ်ခု ဖြစ်ပြီး၊ ဤ စနစ်ဖြင့် ဆောင်ရွက်ခြင်း
ဖြင့်၊ သဘာဝ ဂေဟစနစ် ကို ပိုမို တိုးတက် ကောင်း မွန်စေသော ဇီဝ မျိုးစိတ်များ ပွားများစေခြင်း၊ ဇီဝ ဖြစ်စဉ် ရှင်သန် စေခြင်းနှင့် မြေ
ဆီလွှာ ၏ ရုပ် ဂုဏ် သတ္တိ၊ ဓာတ်ဂုဏ် သတ္တိများ ပိုမို မြင့်မား လာစေခြင်း၊ မြေသားနှင့် မြေ ဆီလွှာ ကို အမှီ သဟဲ ပြု၍ အပြန် အလှန်
ကောင်းကျိုး ပြုစေပြီး၊ လူသား တို့၏ ကျန်းမာရေး အတွက် အ ထောက် အကူ ပြု စေမည့် လယ်ယာ သီးနှံ စိုက်ပျိုး ခြင်းနှင့် အစာ အာ
ဟာရ ထုတ်လုပ်ခြင်း စနစ်များ ကိုပါ ရည်ညွှန်း သည်ကို တွေ့ရသည်။

နိုင်ငံ တကာတွင် အော်ဂဲနစ် စနစ် ကျင့်သုံး ကြသည် မှာ တစ်နေရာနှင့် တစ်နေရာ မတူ ကြသော်လည်း ယေဘုယျ အားဖြင့် တူညီသော
အချက်များ ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ ကောင်းမွန်သော မြေဆီလွှာ ရွေးချယ်ခြင်း၊ ဓာတု ဆေးဝါး လုံးဝ အသုံး မပြုခြင်း၊ သဘာဝ
ပစ္စည်း များဖြင့် သာ မြေဆီလွှာ ကို ထိန်းသိမ်း စောင့် ရှောက်ခြင်း၊ အသုံးပြု သီးနှံ မျိုးနှင့် အရည် အသွေး ကောင်းမွန်ခြင်း၊ အင်းဆက် ပိုး
မွှားများ၊ အပင် ရောဂါများနှင့် ပေါင်းပင်များ နှိမ်နှင်းရာတွင် ဇီဝ နည်း ပညာဖြင့် ကာကွယ် ထိန်းချုပ်ခြင်း၊ စိုက်ခင်း မြေနေရာ၊ ရေ ရရှိမှု သို
လှောင် သယ်ယူ ပို့ဆောင်ရေး နှင့် ဈေးကွက် စသည် တို့ကို စနစ် တကျ သတ်မှတ် ထားခြင်းတို့ ပါဝင်သည်။

ပထမ အချက် အနေဖြင့် အော်ဂဲနစ် စိုက်ပျိုး ရေးတွင် မြေဆီလွှာနှင့် မြေ အမျိုးအစား သည် အရေးကြီးသော အပိုင်းမှ ပါဝင်သည်။ မြေဆီ
လွှာ ဖွဲ့စည်းမှု (ရုပ်ဂုဏ် သတ္တိ) မြေချဉ် ငန်ဓာတ် (pH)နှင့် အာဟာရ ဓာတ် ပါဝင်မှု (ဓာတ်ဂုဏ်သတ္တိ) တို့ကို စစ် ဆေး လုပ်ဆောင် ရ
မည်ဖြစ်သည်။

မြေဆီလွှာတွင် ဖွဲ့စည်းမှု မတူကြသော သဲနုန်းမြေ၊ မြေစေးနုန်းမြေ၊ သဲ မြေ စေးနှုန်းမြေဟု တွေ့ ရပြီး အပင်များ အတွက် မြေသား ထူပြီး
ရေ စိမ့်ဝင် လွယ်သည့် သဲနုန်းမြေနှင့် မြေစေးနုန်းမြေ များကို ရွေးချယ် သင့်သည်။ မျှတသည့် ချဉ်ငန်ဓာတ် pH7 ရှိ မြေတွင် အာဟာရ
ဓာတ် ပျော်ဝင် လွယ်စေသည်။

pH များလွန်းလျှင် ကန့်မှုန့်ဖြင့် ထိန်းညှိ ပေးနိုင်ပြီး pH နည်းလွန်းလျှင် ထုံးထည့် ပေးခြင်းဖြင့် ပြုပြင် နိုင်ပေသည်။ အော်ဂဲနစ် စိုက်ပျိုးရေး
တွင် ဓာတု ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး လုံးဝ အသုံး မပြု ရပါ။ ဓာတု ဆေးဝါး များသည် သီးနှံစိုက်တောင်သူများ
၏ ကျန်းမာရေး ကို ထိခိုက် ရုံသာ မက ပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုပါ ဖြစ်စေသည်။ နောက် ထပ် အကျိုး ဆက် အဖြစ် သီးနှံ များတွင်
ဓာတ်ကြွင်း ပါဝင်မှု များကြောင့် လူနှင့် လူ့ ပတ်ဝန်းကျင် အတွက် ထိခိုက် မှုဖြစ်စေ သဖြင့် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်တွင် ဓာတုဆေး
ဝါးများ လုံးဝ အသုံး မပြုရ ကြောင်း တွေ့ရှိ ရသည်။

မြေဆီလွှာ ထိန်းသိမ်း စောင့် ရှောက် ခြင်းသည် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်တွင် အဓိက ကျပေသည်။ စိုက်ခင်း ကြီးများတွင် ကြီးမား
သော ထွန်စက် ကြီးများ၊ ရေသွင်း လုပ်ငန်းကြီးများ၊ ဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေး သုံးစွဲခြင်းများ၊ သီးနှံ တစ်မျိုးတည်း ကို စိုက်ခြင်း
တို့ သည်လည်း မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်မှု ညံ့ဖျင်း စေသည်။

အထူး သဖြင့် မြေဆီလွှာ ဆားပေါက်ခြင်း တိုက်စား ခံရခြင်း ရေဝပ်ခြင်း ရေထုတ်ရန် ခက်ခဲခြင်း မူလ မြေဆီ ညံ့ဖျင်းခြင်း မြေချဉ်ပေါက်
ခြင်း မြေဆွေး ဓာတ်နည်းခြင်း အစိုဓာတ်မထိန်းနိုင် ခြင်းများ ဖြစ်လေ့ ဖြစ်ထရှိသည်။ အော်ဂဲနစ် စိုက်ပျိုးရေးတွင် သဘာဝ မြေဩဇာနှင့်
ဇီဝမြေ ဩဇာများ အသုံးပြု၍ မြေဆီလွှာ ထိန်းသိမ်း ခြင်းကို ဆောင်ရွက် ကြသည်။

သဘာဝ မြေဩဇာမှာ လူတို့ စွန့်ပစ်သော အမှိုက်များကို ဆွေးမြေ့ စေခြင်း၊ စိုက်ပျိုးသော အပင်၏ ကျန်သော အစိတ် အပိုင်း များကို မြေ
ဩဇာ အဖြစ် ပြန်သုံးခြင်း တို့ဖြစ်ပြီး သက်ရှိ များဖြစ်သော အပင်နှင့် တိရိစ္ဆာန် များမှ ထွက်ပေါ်လာသော နွားချေး ကြက်ချေး လင်းနို့ချေး၊
ငှက်ချေး၊ ကောက်ရိုး၊ မြေပဲရိုး၊ ပဲဖတ် နှမ်းဖတ် အရိုးမှုန့် စသည်တို့ကို အသုံးပြုခြင်းတို့ ပါဝင်သည်။ လူတို့၏ အညစ်အကြေး (မိလ္လာ)များ
ဖြင့် သုံးစွဲစိုက်ပျိုးခြင်း မပြုရပါ။

ဇီဝမြေဩဇာမှာ ရေကျောက်ခက် ထရိုင်ခိုဒါးမား(ကပ်ပါးမှို) အီးအမ် (အကျိုးပြု အဏုဇီဝပိုး) ရိုင်ဇိုဘီယမ်(ပဲမြစ်ဖုမြေဩဇာ) မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းမှ ထွက်ရှိသောအရည် တီကျစ်စာခဲ စသည်တို့ဖြစ်သည်။ အဆိုပါ သဘာဝ မြေဩဇာ နှင့် ဇီဝမြေဩဇာများကို အသုံးပြုခြင်း
အားဖြင့်

၁။ စိုက်ပျိုးမြေတွင် စေးသောမြေကိုမွစေပြီး ဖွယ်သောမြေကို စေးစေသည်။
၂။ အစိုဓာတ်နှင့် အပူချိန်ကို ထိန်းညှိပေးစေသည်။
၃။ မြေချဉ်ငန်ဓာတ် (pH) ကို သမမျှတစေသည်။
၎။ မြေဆီလွှာအတွင်း အာဟာရဓာတ်ပျက်စီး ဆုံးရှုံးမှုများကို ထိန်းသိမ်း ကာကွယ်ပေးသည်။
၅။ အဓိက အာဟာရဓာတ် (N,P,K) ပါဝင်ပြီး အပင်ကြီးထွားသန်မာစေ သည်။
၆။ အနည်းလို အာဟာရဓာတ် များကိုပါ ဖြည့်တင်းပေးနိုင်ပြီး အထွက် နှုန်း ကောင်းလာစေသည်။
၇။ မြေဆီလွှာမှ အာဟာရဓာတ် စုပ်ယူမှုအားကောင်းပြီး အသီးအရွက် ကြီးထွားအောင် မြင်စေသည်။

အော်ဂဲနစ် စိုက်ပျိုးရေး တွင် သီးနှံမျိုးနှင့် အရည် အသွေး သည်လည်း အရေးကြီး ပေသည်။ ပိုးမွှား ရောဂါ ခံ နိုင်ရည် ရှိသော မျိုးကောင်း
များ ရွေးချယ် သင့်ပြီး (၃) နှစ်ကျော် လွန်သော မျိုးများ ပြန်သုံးခြင်း၊ ခေတ်မီ နည်း အရ မျိုးရိုး ဗီဇ ပြုပြင် ပြောင်းလဲ ထားသော စပ်မျိုးများ
အသုံး မပြုရပါ။ သီးနှံ တစ်မျိုး တည်းကို ထပ် တလဲလဲ စိုက်ပျိုးခြင်း မလုပ်ဘဲ၊ အလှည့်ကျ သီးညှပ်၊ သီးလှည့် စိုက်ပျိုး ခြင်း ပြုလုပ် ရမည်
ဖြစ်သည်။

အော်ဂဲနစ် စိုက်ပျိုးရေး ၌ အင်းဆက် ပိုးမွှားများ၊ အပင် ရောဂါများ၊ ပေါင်းပင်များ နှိမ်နှင်း ရာတွင် ဇီဝ နည်း ပညာဖြင့် ကာကွယ် ထိန်းချုပ်
ခြင်း ပြုလုပ် သည်ကို တွေ့ရသည်။ အင်း ဆက် ပိုးမွှားများ နှိမ်နှင်း ရာတွင် စိုက်နည်း စနစ်ပြောင်းခြင်း၊ မြေပြင်ခြင်း အဆင့်၌ ထယ်ထိုး ထွန် မွှေခြင်း၊ မြေ လှပ် ထားခြင်း၊ အပင် အကြွင်း အကျန် များ မဖျက် ဆီးခြင်း (မီး မရှို့ခြင်း) သီးလှည့် စိုက်ခြင်း၊ သီးရော စိုက်ပျိုး ခြင်း၊
ထောင် ချောက် ပင်များ စိုက်ပျိုး ခြင်းတို့ အပြင် အပင်သန် စွမ်းအား ကောင်းစေမည့် အာဟာရ ဓာတ် ဖြည့်တင်းခြင်း တို့ ကိုလည်း လုပ်
ဆောင်ရန် လိုသည်။

အပင်၏ ပတ်ဝန်းကျင် ကို ပြုပြင်ခြင်း အဆင့်၌ လက်ဖြင့် ပိုးကို ကောက်ယူ ဖျက်ဆီးခြင်း၊ မီးထောင် ချောက်များ အသုံးပြုခြင်း၊ သဲအုပ်ခြင်း၊
မြေကို အတန်ကြာ ရေလွှမ်းစေခြင်း၊ အပင်သို့ ရေ အရှိန်ပြင်းစွာ လောင်း ခြင်း၊ အလူမီနီယံ ရောင်ပြန်များ ဖုံးအုပ် ခြင်း၊ ပိုက်ကြဲဖြင့် အုပ်
ခြင်းစသည် တို့ပါဝင်သည်။

ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသော မျိုးများ စိုက်ပျိုးခြင်း၌ အရွက် တွင် အမွှေး ထူသော ပဲပင်မျိုး နေရောင် မလာမီ ပန်းပွင့်သော နှံစား ပြောင်းမျိုး၊
ပင်စည် တောင့်တင်း ခိုင်မာ သော စပါးမျိုး အရွက် ထူသော ဂေါ်ဖီ ထုပ်မျိုး၊ အသားဓာတ် ပါဝင်မှုများ ပြီး သကြားဓာတ် ပါဝင်မှုနည်းသော
ပန်း ဂေါ်ဖီမျိုး စသည် တို့ကို ရွေးချယ် စိုက်ပျိုး သင့်သည်။

ဖျက် ပိုးမွှားများ တိုက် ဖျက်ရေး အဆင့်တွင် သားရဲ ကောင်များ၊ နကျယ် ကောင်များ လွှတ်ပေး တိုက်ခိုက် ခြင်း အဆင့် ၌ ဖားပြုတ်၊ ငှက်၊
အင်း ဆက်စား ပိုးကောင်(ပင့်ကူ) လိပ်ခုံး ကျိုင်း၊ အစိမ်းရောင် ဇာတောင်ပိုး၊ ဓားပြယင် ဓားခုတ်ကောင်၊ သေးငယ် သော နကျယ်ကောင်
များကို အသုံးပြုသည်။ ထို့အပြင် သဘာဝ ပိုးသတ် ဆေးများအနေဖြင့် တမာပင် ဆေး ဂန္ဓမာပင်၊ ဆေးရွက်ကြီးပင် ဟုမ်းပင် ပင်စိမ်းရိုင်း၊
မဲရိုင်းပင် အစရှိသည်တို့မှ ထုတ်ယူထားသော ပိုးသတ်ဆေးများ ကို အသုံးပြုနိုင်ကြသည်ကို တွေ့ရ သည်။ ယင်း သဘာဝ ပိုးသတ်ဆေး အသုံး ပြုခြင်းဖြင့် လူတို့အား ဆိုးကျိုး ဖြစ်စေမှု နည်းခြင်း၊ မြေထဲတွင် လွယ်ကူစွာ ပြိုကွဲနိုင်ခြင်း၊ အပင်နှင့် တိရစ္ဆာန် တို့၏ တစ်ရူးထဲတွင်
ဓာတ်ကြွင်း ပုံစံမျိုး မကျန်ရှိခြင်း၊ အာနိသင် ကြာရှည်စွာ တည်မြဲမှု မရှိခြင်း တို့ကြောင့် အော်ဂဲနစ် စိုက်ပျိုးရေးတွင် ထိရောက်စွာ အသုံးပြု
ကြသည်။

အဓိက အပင်ရောဂါ များဖြစ်သည့် မှိုရောဂါများ၊ ဘက်တီးရီးယား ရောဂါများ၊ နီမတုတ်ရောဂါများ၊ ဗိုင်းရပ်စ်နှင့် မိုက်ကို ပလာစမာရောဂါ
များကို သဘာဝ ဆေးဖက်ဝင် အပင်များ အသုံးပြု နှိမ်နှင်း နိုင်သည်။ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့် ဖော်စပ်ထားသော ဆေးရည်သည် ပိုးမွှား
သာမက၊ ဖားဥမှိုကဲ့သို့ သော အရွက်တွင် ကျသည့် မှိုရောဂါများကို လည်းကောင်း သက်သာ ပျောက်ကင်း စေနိုင်သည်။

လက်ရှိမြန်မာ နိုင်ငံတွင် သုံးနေသော ခိုက်တိုစန်၊ တီကောင် မြေဩဇာ အရည် စသည်တို့ သည်လည်း အပင်ရောဂါ ကာကွယ် ဆေး
အဖြစ် တွေ့ရှိ ရသည်။ အပင်ရောဂါ ကာကွယ်ရေးတွင်-

(၁) ရောဂါကို အားမပေးနိုင်ရန် ပတ်ဝန်း ကျင်ကို တတ်နိုင်သမျှ ထိန်းချုပ်ခြင်း၊
(၂) မိမိသီးနှံပင်များကို ကျန်းမာသန်စွမ်းစေရန် ပြုစုပျိုးထောင်မှု အပြည့်ပေး ခြင်း၊
(၃) ရောဂါပိုးကို အားမကြီးလာစေရန် ဖိနှိမ်ထားခြင်းကိုလည်း လုပ်ဆောင်ရန် လိုအပ်ပေသည်။

ပေါင်းမြက် ပင်များ နှိမ်နှင်း ရာတွင် အပင်ခြေ ရင်း အမြစ်များအား အပင်ဆွေး များဖြင့် ဖုံးအုပ်ပေးခြင်း၊ လက်ဖြင့် ပေါင်းလိုက် ပေးခြင်း၊ မီးရှို့ပေးခြင်း၊ မြက်ပင် ပေါင်းပင် များအား စားတတ်သော တိရစ္ဆာန်များ လွှတ်ပေးခြင်း၊ အပင်ရင်း များအား ပလပ်စတစ် (သို့မဟုတ်)
ပြုလုပ် စီမံထားသော အအုပ် အဆိုင်းများဖြင့် အုပ်ထားခြင်း၊ စသည်တို့ ဆောင်ရွက်ပေးရ မည်ဖြစ်သည်။

အော်ဂဲနစ် စိုက်ပျိုး မြေများသည် ဓာတုဓာတ် မြေဩဇာနှင့် ဆေးဝါး များကို အနည်းဆုံး (၃)နှစ် မတိုင်မီ အထိ သုံးစွဲ ထားခြင်း မရှိသော
မြေများ ဖြစ်ရန် လိုသည်။ (မှတ်တမ်းများ ထားရှိရန်) ဓာတု ပစ္စည်း သုံးစွဲ ထားသော လယ်ယာ မြေများနှင့် နယ်နိမိတ် ဘောင်ခြားကန့်
သတ်ထားသော စည်းခြား စိုက်ကွင်း များ ဖြစ်ရန် လိုသည်။

အခြား အခင်းမှ ဆေးကြွင်း အငွေ့ အသက်များ လေထဲကနေ မဝင်အောင် လေကာပင် အမြင့်များ၊ ကြားခံ စိုက်ပျိုးထားရန် လိုအပ်ပြီး၊
ကိုယ့် စိုက်ခင်း ကမြင့်နေလျှင် ၁၅-ပေ အကျယ်၊ အမြင့် တူနေလျှင် ၃၀-ပေ အကျယ်နှင့် ကိုယ့် စိုက်ခင်းက နိမ့်နေလျှင် ၄၅-ပေ အ
ကျယ်ကြားခံ ဇုန် ရှိရမည် ဖြစ်သည်။ ယင်း ကြားခံ ဇုန်များတွင် သင့်တော်ရာ သီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။

၎င်း အပြင် ဓာတု စွန့်ပစ် ပစ္စည်းနှင့် စွန့်ပစ်ရည်များ ထွက်ရှိ နိုင်သော စက်ရုံ အလုပ်ရုံ များနှင့်လည်း ဝေးကွာရန် လိုသလို၊ သန့်ရှင်းသော
ရေ အရင်း အမြစ် ရရှိရန်လည်း အရေးကြီး ပေသည်။ တိရစ္ဆာန် များကို စားကျက် မြက်ခင်း များတွင် လွှတ်၍ ကျောင်းခြင်း၊ ကောက် ရိုး
မြက်ခြောက် တို့ကို ရောနှော ကျွေးမွေးခြင်းကို အလှည့်ကျ အသုံးပြု ခြင်းဖြင့် တိရစ္ဆာန်များ သက်သောင့် သက်သာ ဖြစ်စေမှုနှင့် ကျန်းမာ
ရေး စောင့် ရှောက် နိုင်မှု ကိုပါ ဖြစ်စေသည်။

ထို့ပြင် ရိတ်သိမ်း၊ ခြွှေလှေ့၊ သိုလှောင်၊ ထုပ်ပိုး၊ သယ်ပို့ ရောင်းချသည့် အဆင့် တိုင်းတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ် အောင်
လည်း ဆောင် ရွက်ရန် လိုသည်။ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ် သူသည် သဘာဝနှုန်းစံ ဥပဒေ များနှင့် အညီ တိကျစွာ လိုက်နာမှု ရှိ မ
ရှိကို သက်ဆိုင်ရာ အစိုးရ အသိ အမှတ်ပြု လက်မှတ်ထုတ် ပေးရေး အရာရှိ များက သွားရောက် စစ်ဆေးမှုကို ခံယူ ကြရမည်လည်းဖြစ်
သည်။

အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်ရေး အဖွဲ့ ကုမ္ပဏီ များသည် အော်ဂဲနစ် အသိ အမှတ် ပြု လက်မှတ် လက်ခံ ရရှိ ရေးနှင့် ဈေး ကွက်တွင်
“အော်ဂဲနစ်” စာတမ်းပါ စားသောက် ကုန်ပစ္စည်းများ တရားဝင် ရောင်းချ နိုင်ရေး တို့ကိုပါ ဒေသ ဆိုင်ရာ အော်ဂဲနစ် အဖွဲ့ အစည်းများ
၏ သတ်မှတ်ချက်၊ နှုန်းစံများ၊ နည်း ဥပဒေများ အတိုင်း လိုက်နာ ဆောင်ရွက် ကြခြင်းဖြင့် စနစ်ကျသော သဘာဝ ကျသော အော်ဂဲနစ်
စိုက်ပျိုးရေး စနစ်ကို ဖော်ဆောင် နိုင်ကြကြောင်း တင်ပြ လိုက်ပါသည်။

ဝင်းနိုင်ဦး (ဒဿ နိက)

Source: http://agrotechni-pedia.com
http://www.simon-vlog.com/2014/07/blog-post_987.html#axzz3OmSeLW5v

Tuesday, January 13, 2015

Gluten Free diet အကြောင်း

Gluten Free diet အကြောင်း



မြင်းစားဂျုံ

( ဒီအကြောင်းလေးကို မေးထားတဲ့သူကလည်း အစ်မကြီး အဖြူရောင်နတ်သမီးဖြစ်ပါတယ် ။ Facebook မှာမေး ထားခြင်းပဲဖြစ် ပါတယ် ။ လက်လှမ်းမီသလောက် စုစည်းရှာဖွေတင်ဆက်ပေးလိုက်ပါတယ် ။ )

Gluten free diet ဆိုတာကတော့ gluten မပါတဲ့ အစားအသောက်တွေကို ခေါ်ခြင်းဖြစ်ပါတယ် ။ Gluten ဆိုတာ ကတော့ ဂျုံစေ့ ၊ မုယောစပါး ၊ ဘာလီ ၊ ရိုင်းဂျုံ ၊ မုယောခြောက် ၊ စသည်တို့မှာ တွေ့ရတဲ့ ပရိုတိန်း တစ် မျိုးဖြစ် ပါတယ် ။ Gluten ကို အစားအသောက်တွေမှာ အနံ့ကောင်းစေဖို့ ၊ ကြာရှည်ခံဖို့ နဲ့ ထူထဲစေဖို့ တခါတရံ dextrin အနေနဲ့ သုံးကြတာရှိပါတယ် ။ Gluten free အစားအစာတွေဟာ Celiac disease နဲ့ ဆက်နွယ်နေ တဲ့အခြေအနေတွေဖြစ်တဲ့ dermatitis herpetiformis (အရေပြားရောင်ရမ်းနာတစ်မျိုး ) နဲ့ ဂျုံအလာဂျီ တို့ကို ကုသဖို့အတွက် ဆေးပညာ အရ လက်ခံထားတဲ့ တစ်ခုတည်းသော ကုသချက်ဖြစ်ပါတယ် ။ Celiac disease ဆိုတာ ကတော့ gulten intolerance လို့ အသိများပြီး အမေရိကန် ၁၃၃ ယောက်မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ မျိုးရိုးဗီဇ ( genetic) ရောဂါတစ်ခုဖြစ်ပါတယ် ။ Celiac disease ရဲ့ လက္ခဏာတွေကတော့ ၀မ်းသွားခြင်း ၊ ကိုယ် အလေး ချိန်ကျခြင်း ၊ အာဟာရဓါတ်ချို့တဲ့ခြင်း စတာတွေဖြစ်ပါတယ် ။ European တွေမှာအဖြစ်များပြီး လတ် တလော လေ့စာစမ်းသပ်မှုအဖြေတွေအရတော့ လူမည်းတွေနဲ့ အာရှလူတွေမှာလည်းဖြစ်တယ်လို့ သိရပါ တယ် ။

Gluten free diet သည် အုတ်ဂျုံ ( မြင်းစားဂျုံ) ကိုဖယ်ထုတ်ထားခြင်းပဲဖြစ်ပါတယ် ။ ဆရာဝန်တွေကတော့ မြင်းစား ဂျုံ ( oats) ဟာ celiac ရောဂါခံစားရသူတွေအတွက် allergen တစ်ခုလား သို့မဟုတ် သူတို့ဟာ တခြား အလာ့ ဂျင်တွေကြောင့် ဖြစ်ရတာလားဆိုတာ ( ဂျုံကြိတ်ခွဲတဲ့နေရာမှာ တခြားအလာ့ဂျင်တွေနဲ့ ရောစပ်ခြင်း cross contamination ) ဆိုပြီး ၂ ပိုင်းခွဲခြားထားပါတယ် ။ Gluten free ဆိုတာဟာ ဂလူတန်လုံးဝ မပါတာထက်စာရင် အန္တာရယ်မရှိလောက်တဲ့ပမာဏ ပါဝင်နေခြင်းကို ရည်ညွှန်းခြင်းပဲဖြစ်ပါတယ် ။ ဘယ်လောက် ပမာဏလောက်ပါရင် အန္တရာယ်မရှိဘူဆိုတာကိုတော့ အတိအကျမသိရပါဘူး ။ လတ်တလော စနစ်တ ကျပြုလုပ်ထားတဲ့ review တစ်ခုအရတော့ နေ့စဉ် gluten 10mg အောက်စားသုံးခြင်းဟာ ဆိုကျိုးတွေ ကို မဖြစ်စေပါဘူး လို့ဆိုပါတယ် ။ Gluten free လို့ တံဆိပ်ကပ်ထားတာတွေဟာလည်း နိုင်ငံ တစ်ခုချင်းစီ အပေါ်မူတည်ပြီးတော့ ကွဲပြားခြားနားမှု ရှိနေပါတယ် ။ United States မှာဆိုရင်၂၀၀၇ စံသတ်မှတ်ချက်အရ Gluten free ဆိုတာ ဟာ gluten 20 ppm ထက်နည်းတဲ့အစားအသောက်ကုန်ပစ္စည်းတွေဖြစ်တယ်လို့ FDA က သတ်မှတ်ခဲ့ ပါတယ် ။ လတ်တလော အပြည်ပြည်ဆိုရင်ရာ စံသတ်မှတ်ချက်ကတော့ 20ppm gluten လောက် ပါဝင်တဲ့အစားအစာကို Gluten free foods လို့ခေါ်ပါတယ် ။

အမျိုးမျိုးသော ဂျုံနဲ့ကစီဓါတ်ပါတဲ့စားဖွယ်တွေကို gluten free diet တွှေမဖြစ်စဉ်းစားကြပါတယ် ။ အသုံးအ များဆုံးကတော့ ပြောင်းဖူး ၊ အာလုံး ၊ ဆန် နဲ့ ကလောပီနံတို့ပဲဖြစ်ပါတယ် ။ ပဲအမျိုးမျိုး ၊ ပဲပုပ် ၊ မြေပဲစ သည်တို့ကိုလည်း တခါတရံမှာ gluten free အစားအသောက်အဖြစ်အသုံးပြုကြပြီး ပရိုတိန်းနဲ့ dietary fiber အဖြစ်ထည့်သွင်းအသုံးပြုကြပါတယ် ။ ပန်းဂျုံ (buckwheat) ဟာ ဂျုံနဲ့ ဆက်နွယ်မှုမရှိပါဘူး ။ ပန်းဂျုံကို gluten-free diet အဖြစ် လက်ခံအသုံးပြုနိုင်ပါတယ် ။ ဂလူတန်ကို အစားအစာတွေမှာ နည်းလုံးပေါင်းစုံနဲ့ အသုံးပြုကြ ပါတယ် ။ ဥပမာအားဖြင့် အစားအသောက်တွေ ရေရှည်တည်မြဲစေ၇န်သို့မဟုတ် ရေခဲမုန့်လိုမျိုး ၊ စားမြိန်စေ ဖို့အတွက် thickener အဖြစ်လည်းအသုံးပြုကြပါတယ် ။ Gluten free အစားအစာကို ပဲ စားမယ်လို့ ကြံရွယ် ထားတဲ့လူတွေအတွက်ကတော့ ဆေးတွေနဲ့ ဗီတာမင်တွေကအစ ပါဝင်တဲ့ ingredient (ပါဝင်မှုအမျိုး အစား) တွေကို သေချာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ နှုတ်ခမ်းနီလိုမျိုး ၊ နှုတ်ခမ်းမှာသုံးတဲ့အမွှေးဆီ စတာတွေမှာ လည်း gluten ပါဝင်နိုင်ပါတယ် ။ ဒါကြောင့် မသုံးခင်သေချာ စစ်ဆေးဖို့လိုပါတယ် ။ စာရွက်တွေမှာ ကပ်တဲ့ ကော် မှာလည်း gluten ပါပါတယ် ။ အစားအစာအမျိုးစုမှာ gluten ပါဝင်နေပေမယ့်လည်း သူတို့ဟာ ingredient list မှာတော့ အမြဲပါဝင်လေ့မရှိပါဘူး ။ ဘာလို့မပါသလဲဆိုတော့ ထုတ်ကုန်တစ်ခု စထုတ်စဉ်မှာ gluten ကို အသုံးမပြု တဲ့အတွက်ဖြစ်ပါတယ် ။ ဒါပေမယ့် ပြင်ဆင်တဲ့အခါ (preparation or manufacturing ) မှာတော့ ပါဝင်လာ ပါတယ် ။ Natural flavoring လို့ ဆိုပေမယ့်လည်း gluten ပါဝင်နိုင်တဲ့အတွက် သတိထား ရမှဖြစ်ပါတယ် ။

Gluten free လို့ကပ်ထားတဲ့ label တွေရဲ့မှန်ကန်မှု

Codex Alimentarius မှသတ်မှတ်ထားတဲ့စံအရ gluten free ကိုသတ်မှတ်ထားပါတယ် ။ ဒါပေမယ့် ဒီစံညွှန်း ဟာ gluten မပါတဲ့ သဘာဝ အစာတွေကိုတော့မရည်ညွှန်းပါဘူး ။ လတ်တလော စမ်းသပ်ထားတဲ့ အဖြေတွေ အရ cloeliac disease ရှိတဲ့ လူတစ်ယောက်အတွက် အမြင်ဆုံး လုံခြုံစိတ်ချမှု ၊ အန္တရာယ်မပေးနိုင်မှု ရှိတဲ့ အစားအစာ ဟာ 0.02% ( 200 parts per million ) လောက်ပဲရှိပါတယ် ။ မူလ ဂျုံစေ့ မှာ gluten 12 % ပါဝင်ပါ တယ် ။ သေးငယ်တဲ့ပမာဏဖြစ်ပေမယ့်လည်း cross contaminate ဖြစ်နိုင်တဲ့အတွက် ကိုယ်ပိုင်အစားအသောက်ပြုလုပ်တဲ့အခါမှာရော့ စီးပွားဖြစ်ထုတ်လုပ်တဲ့အခါမှာရော သတိထားဖို့တော့လိုပါတယ် ။ United States မှာတော့ gluten ကို တချို့သောအစားအစာတွေမှာ label ကပ်ထားလေ့မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ US FDA ဟာ gluten ကို GRAS - Generally Recognized As Safe ( ယေဘူယျအားဖြင့် အန္တရာယ်မရှိပါ ) လို့ သတ်မှတ်ထားတဲ့အတွက်ဖြစ်ပါတယ် ။ အခုနောက် ဆုံး မှာတော့ အစားအသောက်တွေမဟုတ်တဲ့ ဆေးဝါးတွေနဲ့ ဗီတာမင်ဆေးလုံးတွေမှာ အထူး သဖြင့် ဆေးတောင့် ပုံစံတွေမှာတောင်မှ gluten ဟာ binding agent အနေနဲ့ ပါဝင်တာကိုတွေ့ရပါတယ် ။

Gluten free ပေါင်မုန့်




ပေါင်မုန့်ဟာ အနောက်တိုင်းသားတွေ အတွက် မရှိမဖြစ်အစားအစာတစ်ခုဖြစ်ပါတယ် ။ wheat လိုမျိုးဂျုံစေ့ နဲ့ပြုလုပ် ထားပြီး gluten ပါဝင်ပါတယ် ။ Wheat gluten ဟာ အထူးသဖြင့် ပေါင်မုန့်ကို ဆွဲဆန့်လို့ ရအောင် ပေါင်မုန့်ကို ညက်သွားအောင် ပေါင်းစပ်ထည့်ဝင်ရတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ Gluten free ပေါင်မုန့် ကိုတော့ ဆန်နဲ့ပြုလုပ်ပြီး ဆန်ပေါင်မုန့် ၊ ပြောင်းမျိုးနှံစားပင်ပေါင်မုန့် ၊ ပြောင်းနှင့်ပြုပ်လုပ်ထားသော ပေါင်ုမန့် ပဲပေါင်မုန့် စသဖြင့် အမျိုးမျိုးရှိပါတယ် ။ ဒါပေမယ့် gluten မပါဝင်တဲ့အတွက် ရေရှည်မှာ ပုံသဏ္ဍာန်ကို ထိမ်းနိုင် ဖို့တော့ မလွယ်ပါဘူး ။ ဒါကြောင့် ဂလူတန်အစား xanthum gum , hydroxypropyl methylcellulose (HPMC) , corn starch နဲ့ ဥတွေကို အသုံးပြုကြပါတယ် ။



Gluten free beer

Gluten free အစားသောက်တွေမှာ Gluten free beer ကိုလည်းနောက် ပိုင်းတွင်ကျယ်စွာ ထုတ်လုပ် လာကြပြီဖြစ်ပါတယ် ။ ကဲဒါဆိုရင် Gluten free diet တွေကိုစားသုံးခြင်းဖြင့် ဘာတွေဖြစ်နိုင် သလဲဆိုတာ ကို ဆက်လက်လေ့လာကြည့်ရအောင် ။

ဂလူတန်မပါဝင်တဲ့စားသောက်ကုန်အများစုမှာ ဖောလစ်ဓါတ် ၊ သံဓါတ်နဲ့ အမျှင်ဓါတ်တွေ နည်းပါးစွာ ပါဝင်တာ ကိုတွေ့ရပါတယ် ။ ဒါ့အပြင် gluten free diet ကို အမြဲ မရရှိနိုင်တဲ့အတွက် GSE လို့ခေါ်တဲ့ Gluten-Sensitive Enteropathy လူနာတွေဟာ သတ်မှတ်ထားတဲ့တစ်နေ့တာ ဂျုံစပါး စာသည်တို့ကို စားလေ့မရှိကြပါဘူး ။ စံသတ် မှတ်ထားတဲ့ gluten free diet ဟာလည်း တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ် ၊ ဘီဝမ်း ၊ ဘီတူး ၊ ဖောလစ် ၊ သံဓါတ်နဲ့ ကယ်လ်စီယမ်တွေ ကိုလိုက်မမှီပဲ လျော့နည်းနေပါတယ် ။ နီရဲနေတဲ့အသားတွေ ၊ ငါးတွေနဲ့ ဟင်းသီး ဟင်း ရွက်တွေမှာတော့ လိုအပ်တဲ့ အာဟာရတွေအတွက် ပြီးပြည့်စုံတဲ့ အရာတွေဖြစ်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Gluten-free_diet
http://www.celiac.com/

သက်တန့်ချို
18 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
 
မူရင်းလင့်
 


GMO အကြောင်းနဲနဲပြောမယ်ဗျာ

GMO အကြောင်းနဲနဲပြောမယ်ဗျာ

ဒီခေတ်မှာ ခေတ်စားလာတဲ့ GMO တွေဆိုတာကို သိတဲ့သူတွေလဲ သိကြပါလိမ့်မယ်။မသိတဲ့သူတွေလဲရှိပါလိမ့်မယ်။ကျွန်တော် လေ့လာထားသလောက်နဲနဲတင်ပြပါ့မယ်။မပြည့်စုံတာရှိရင် ခွင့်လွှတ်ကြပါ။ဆက်ပြီးလေ့လာချင်တယ်ဆိုရင်လဲ လင့်လေးတွေပေးပါ့မယ်။

GMO ဆိုတာ ဘာလဲ?
       GMO ဆိုတာ Genetically Modified Organisms(မျိုးရိုးဗီဇအရ ပြုပြင်ပြောင်းလဲထားတဲ့ သက်ရှိတွေ)လို့ခေါ်ဆိုနိုင်ပါတယ်။နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ ရာသီပေါ်သီးနှံတွေကို ရာသီမဟုတ်လဲ စားသောက်နိုင်ဖို့ ပိုးမွှားဒဏ်ခံနိုင်ဖို့ အရသာတွေ ထူးကဲလာဖို့နဲ့ အရေအတွက်တွေ၊အရွယ်အစားတွေတိုးပွားလာဖို့ အတွက်ကို နည်းပညာတွေ အသုံးပြုပြီးတော့ ဆောင်ရွက်လာကြတာဖြစ်ပါတယ်။
GMO ဘယ်ကစ?
       သိပ္ပံပညာရှင်တွေဟာ မတူညီတဲ့ DNA တွေကသက်ရှိတွေ အခြင်းခြင်း ကူးပြောင်းနိုင်တယ်ဆိုတာကို ၁၉၄၆ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။၁၉၈၃ ခုနှစ်မှာတော့ ပထမဆုံး မျိုးဗီဇပြောင်းလဲထားတဲ့ သီးနှံကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။အဲဒါကတော့ မှိုရောဂါနဲ့ ပိုးရောဂါတွေကို ခုခံနိုင်စွမ်းရှိတဲ့ ဆေးရွက်ကြီးပင်တစ်မျိုးပါ။၁၉၉၀ ပြည့်နှစ်စောပိုင်းတွေမှာ မျိုးစပ်နည်းပညာတစ်ခုဖြစ်တဲ့ Recombinant Chymosin ကို အသုံးပြုတဲ့ နည်းလမ်းကို ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ လက်ခံပြီး တရားဝင်ခွင့်ပြုခဲ့ကြပါတယ်။၁၉၉၅ ခုနှစ်မှာတော့ ပြောင်းဖူး၊၀ါဂွမ်းနဲ့ ပဲပိစပ်တွေကို အမေရိကန်နိုင်ငံမှာ GMO စတင်စိုက်ပျိုးခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ GMO ရဲ့ထိပ်သီးနိုင်ငံဖြစ်ပြိးတော့ ကမ္ဘာမှာ GMO အသုံးပြုဆုံးဖြစ်ပါတယ်။၂၀၁၃ ခုနှစ် စာရင်းတွေအရ ၈၅% သောပြောင်းဖူးတွေ၊၉၁% သော ပဲပိစပ်၊၈၈% သော ၀ါဂွမ်းတွေအားလုံးဟာ GMO နဲ့ထုတ်လုပ်ခဲ့ကြပါတယ်။

GMO က အန္တာရာယ်ရှိစေသလား?
       အကြမ်းဖြင်း အနေနဲ့ပြောရရင်တော့ အန္တာရာယ်မရှိစေပါဘူး။ဒါပေမယ့် အသေးစိတ်လေ့လာချက်တွေအရ ကင်ဆာအပါအ၀င် အခြားရောဂါတွေက GMO နဲ့ မကင်းရာမကင်းကြောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

GMO သစ်သီးဝလံများ
   
သစ်သီးဝလံတွေထဲမှာမှ နာမည်ကြီးတာတွေကတော့ Lamato လို့ခေါ်တဲ့ သံပယိုသီးအခွံနဲ့ အထဲက ခရမ်းချဉ်သီးပါ။ရာသီဥတုဓါတ်ခံနိုင်သလို အရသာလဲပြည့်စုံပါတယ်။ဒီလို သီးနှံတွေထဲမှာ GMO နည်းပညာနဲ့ ဟော်မုန်းတွေနဲ့ DNA တွေရော နှောထားပြီးတော့ တကယ်လို့ အဲဒီသီးနှံက မျိုးဆက်သုံးဆက် မကျော်သေးရင်တော့ အန္တာရာယ်ရှိနိုင်ပါတယ်။မိန်းကလေးနဲ့ယောက်ျားလေးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုကို နှောင့်ယှက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
GMO အသား၊နို့တွေ
အဓိကားအားဖြင့် ကြက်တွေကို အသုံးပြုတာများပါတယ်။အသားစားကြက်တွေကို GMO နဲ့ထူးခြားပြီး အသားများပြားအောင် ပြုလုပ်လာကြပါတယ်။ကြက်တောင်ပံတွေနဲ့ ကြက်ခြေထောက်တွေရောင်းချမှုများပြားလာတာနဲ့အမျှ ဒီလို တောင်ပံတွေနဲ့ ခြေထောင်တွေ အပိုပါတဲ့ကြက်တွေ မွေးမြူလာကြပါတယ်။ပြီးတော့ ကြက်တွေကို အမွှေးနှုတ်ရသက်သာအောင် အမွှေးမပါတဲ့ ကြက်တွေကို စမ်းသပ်ခဲ့ကြပါတယ်။
အမွှေးမပါတဲ့ကြက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ပြီးတော့ အသားတိုးကြက်တွေဆိုတာ နေ့နဲ့ချိန်တွက်ပြီး မွေးမြူကြတာဖြစ်ပါတယ်။GMO နည်းနဲ့ထုတ်လုပ်ထားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့အချိန်အလိုက် ထိုးပြီးတော့ အခုနောက်ပိုင်းတော့ အသားတိုးကြက်စာတွေဆိုပြီးတော့ အထဲမှာ မျိုးစပ်ဟော်မုန်းတွေ ပါဝင်ပြီးသားဖြစ်ပါတယ်။အဲဒီကြက်တွေဟာ ရက်၄၀ အတွင်းမှာပဲ ကြီးထွားလာပြီးတော့ ရောင်းဖို့ အသင့်ဖြစ်နေပါတယ်။အခြားနိုင်ငံမှာတော့ အစာကျွေး၊ဆေးထိုးပြီး ဘယ်လောက်ကြာမှ ရောင်းချသင့်တယ်ဆိုတာ သတ်မှတ်ချက်ရှိပေမယ့်လဲ အားနည်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ အလေးချိန်တက်အောင်လို့ အစာတွေစွတ်ကျွေးတာမျိုးတွေ၊ဆေးထိုးတာတွေကို မြင်တွေ့နေရပြီးတော့ အဲဒီဆေးတွေကနေ ဓါတုဓါတ်ကြွင်းတွေ ဘယ်လောက်တောင် ကျန်နေလဲဆိုတာ မမြင်သိနိုင်ပါဘူး
 ဒါကတော့ ယခင်နဲ့ယခု ကွာခြားပုံလေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။
ဒီဟော်မုန်း ဓါတ်ကြွင်းတွေကြောင့် အမျိုးသမီးတွေစားမိရင် အရွယ်မတိုင်မီ အပျိုဖော်ဝင်လာတာမျိုးတွေ(အသက် ၅ နှစ်နဲ့ ဓမ္မတာပေါ်တာမျိုး)တွေကို အများကြီး တွေ့လာရပါတယ်။တကယ်လို့ မဟော်မုန်းများတဲ့ အစားအစာတွေကို ယေက်ျားလေးတွေစားမိရင် ဟော်မုန်းပြောင်းလဲခြင်းကို အများဆုံးခံစားရပြီးတော့ စိတ်ပျော့ညံ့လာတာမျိုး၊တစ်ချို့ဆိုရင် ED ဖြစ်တဲ့အထိပါ ခံစားရနိုင်ပါတယ်။
ဒါကတော့ နိုင်းယှဉ်မှုလေးနောက်တစ်ခုပါ။
အသားတိုးဝက်တွေကိုလဲ အသားတိုးဆေးနဲ့ အစာတွေကျွေးပြီး မွေးမြူတာကြောင့် အစာအိမ်သွေးယိုမှုတွေဖြစ်ပါတယ်။ဥပမာ ၆ လကြာရင် ပေါ်ရမယ့် ၀က်ကို ၆ လမှာမပေါ်သေးဘဲ စောင့်နေရင် အဲဒီဝက်ဟာ ၆ လကျော်တာနဲ့ သူ့အလိုလိုသေဆုံးသွားတာကိုတွေ့ရတဲ့တယ်လို့ Institute Of Health & Environmental Research in Adelaide မှာ ဖော်ပြထားပါတယ်။အဲဒီ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပရော်ဖက်ဆာ Judy Carmen ကလဲ ဒီ GMO ၀က်စာတွေကြောင့် ၀က်တွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။အသေးစိတ်ကိုဒီမှာကြည့်ပါ
အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ သြစတေးလျ သိပ္ပံပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ သုတေသနအရလဲ ဒီလိုညွန်ပြနေပြီးတော့ ၀က်တွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာတွေကို ထိခိုက်စေတယ်လို့ ပြောပါတာ်။အသေးစိတ်ကို ဒီမှာကြည့်ပါ
ပြီးတော့ ဒီGMO တွေဟာ လူတွေကို ထိလိုက်စေတယ်ဆိုတာ အများကြီးရှိပါသေးတယ်။အသေးစိတ်လေ့လာချင်ရင်တော့ ဒီမှာလေ့လာပါ
နောက်ပြီး လူတွေအနေနဲ့ ဘယ်လို ရောဂါတွေ ဖြစ်နိုင်ချေများသလဲဆိုတာ ဒီမှာလေ့လာပါ
အဓိကအားဖြင့်တော့ 
သေဆုံးမှုတွေ
အစားအစာဓါတ်မတည့်မှုတွေ
ကင်ဆာနဲ့ မျိုးပွားခြင်းဆိုင်ရာပြောင်းလဲမှုတွေ
ဗိုင်းရပ်နဲ့ ဘက်တီးရီးယား ကူးစက်မှုတွေ
ကလေးမွေးဖွားရာတွင် ပုံမမှန်ခြင်းနဲ့ သက်တမ်းတိုမှုတွေ
အခြားရောဂါတွေ များစွာရဲ့ ဖြစ်ပေါ်လာပုံနဲ့ ပက်သက်မှုတွေကို အပေါ်မှာပေးထားတဲ့ လင့်တွေကနေ ၀င်လေ့လာနိုင်ပါတယ်။
နောက်အလျဉ်းသင့်ရင်ဖော်ပြပေးပါ့မယ်
မောင်စိုင်း
 
 

စပ်မျိုး နှင့် ဗီဇပြုပြင်ထားတဲ့မျိုး

 

 

စပ်မျိုး (Hybrid Seeds)၊ ဗီဇပြုပြင် ထားသော မျိုး (GMO Seeds)၊ ဘိုးစဉ်ဘောင်ဆက် စိုက်ခဲ့တဲ့ ဒေသမျိုး (Heirloom Seeds) စသည်ဖြင့် ခေါင်းစဉ်တွေက စိုက်ပျိုးသူတွေကို ရှုပ်ထွေးစေပါတယ်။ အချို့သူတွေက ကောင်းကောင်း နားမလည်ဘဲ ဒီလိုဆိုထားကြ ပါသေးတယ်။ “ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့ (GMO Seeds) တွေ စိတ်ချ ယုံကြည်ရပါတယ်။ လယ်သများတွေ ဥယျာဉ်သမားတွေက နှစ်ထောင်ပေါင်း များစွာ တိုင်အောင် GMO လိုမျိုး ပင်ခြား ဝတ်မှုန် ကူးပြီး မျိုးစပ် စိုက်ပျိုး လာနေကြပါတယ်။ အပင်ပန်း ခံမနေကြ ပါနဲ့တော့”။ ဒါလုံးဝကို လွဲသွားပြီဗျ။ လယ်သမားတွေ၊ ဥယျာဉ် စိုက်ပျိုးသူတွေက နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ပင်ခြား ဝတ်မှုန် ကူးခဲ့ကြတာ မဟုတ်ပါဘူး။ အခုလိုပြောနေကြတဲ့ သူတွေက စပ်မျိုးနဲ့ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေရဲ့ အခြေခံ ခြားနား ချက်တွေကို ကောင်းကောင်း နားလည် မထားလို့ ဒီလိုရေးနေကြတာပါ။
စပ်မျိုးစေ့ဆိုတာ ဘာလဲ
လယ်သမားနဲ့ ဥယျာဉ်ခြံ သမားတွေက အပင်သစ်တွေကို နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ရွေးချယ် စိုက်ပျိုးခဲ့ကြတာ ပါ။ သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်နှစ်မျိုးကို သားဆက် ၆ ဆက်မှ ၁၀ ဆက်ကြာအောင် ပင်ခြား ဝတ်မှုန်ကူးပြီး အပင်သစ်ကို ရယူခဲ့ကြတာပါ။ (ဥပမာ မျိုးမတူဆိုတာက ဘူး အဝိုင်းသီးနဲ့ အရှည်သီး ဆိုတာမျိုးပါ)။
ဒီဖြစ်စဉ်က စိတ်ရှည်မှုလိုအပ်ပါတယ်။ ဒါပေမယ့်လည်း ပြန်ရချက်က ကောင်းလှပါတယ်။ ဒီလိုနည်းနဲ့ ရွေးချယ်ပြီး ပင်ခြား ဝတ်မှုန်ကူးသွားမယ်ဆိုရင် စိုက်ပျိုးသူတွေက သူတို့မြေ၊ သူတို့ ရာသီဥတု၊ သူတို့ ဒေသရှိ အကျိုးပြု မိတ်ဆွေ ပိုးတွေနဲ့ သဟာဇာတဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင် မျိုးသစ် တွေကို ဖန်တီးနိုင်ပါတယ်။ ၁၉ ရာစုနှစ် အလယ်ပိုင်းမှာတော့ ဒါဝန် နဲ့ မန်ဒယ် တို့က သားဆက်တစ်ခုတည်းနဲ့ လိုချင်တဲ့ မျိုးသစ်ကို ဖန်တီးနိုင်တဲ့ ထိန်းချုပ် မျိုးစပ်တဲ့ နည်းလမ်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီနည်းလမ်းကနေ ကျွန်တော်တို့တွေ သိနေတဲ့ ကုမ္ပဏီကြီးတွေက ရောင်းနေတဲ့ F1 Hybrid Seeds ဆိုတာကို ထုတ်နိုင်ပါတယ်။
ဒီစပ်မျိုးစေ့တွေက သူတို့ရဲ့ တွဲဖက်ပင်တွေလိုပဲ သဘာဝဆန်ပါတယ်။ သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို ပင်ခြားဝတ်မှုန် ကူးထားတာပါပဲ။
စပ်မျိုးစေ့တွေရဲ့ နောက်ဆက်တွဲ အကျိုးများ
အကြီးမားဆုံး ဆိုးကျိုးအနေနဲ့ကတော့ စပ်မျိုးတွေကို စိုက်ရင် ဒုတိယ သားဆက် (မျိုးခံပြီး နောက်နှစ်ထပ်စိုက်ရင်) ပထမစိုက်ခဲ့တုန်းက ရတဲ့ ထွက်နှုန်းကို ပြန်မရနိုင်ပါဘူး။ ဆိုလိုတာက F1( F1 လို့ ရေးထားတဲ့ မျိုးစေ့ထုပ်ထဲက အစေ့) အစေ့ကို စိုက်ပြီး မျိုးခံထား။ ပြီးတော့ နောက်တစ်ကြိမ်ပြန်စိုက် (ဒုတိယမျိုးဆက်) လိုက်ပါက ပထမနှစ်တုန်းက အပင်နဲ့ ပုံစံ၊ အထွက်နှုန်းတွေက တူဖို့ အခွင့်အရေး နည်းပါးသွားပါပြီး။ အငြိမ်းစား ဆရာကြီးတစ်ယောက်ကတော့ အပင်ကို သေချာရွေးချယ်ပြီး မျိုးခံရင်တော့ နောက်နှစ် အထွက် ကောင်းကောင်း ရနိုင်ပါသေးတယ်လို့ ဆိုပါတယ်။
ဒီနည်းက ဗီဇသဘာဝကို မှားယွင်းဖောက်ပြန်ပြီး ဖန်တီးထားတာတော့မဟုတ်ပေမယ့် ကုမ္ပဏီက စိုက်ပျိုးသူတွေကို သူတို့အပေါ် မှီခိုလာဖို့ မျိုးခံမရအောင် ဒီလို ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါက အိမ်တွင်း အသေးစားစိုက်ပျိုးသူတွေအတွက် အနည်းငယ် စိတ်ညစ်စရာလို့ ဆိုရပေမယ့် လယ်သမားတွေကြီးတွေ အတွက်တော့ အကြီးအကျယ် စိတ်ပျက်စရာပါပဲ။
နောက်ဆိုးကျိုးတစ်ခုကတော့ အပင်သစ်မှာ အထွက်တိုးလာဖို့၊ စားပင်တွေအနေနဲ့ အရွယ်ကြီး လှပလာဖို့ ဖန်တီးထားတာဖြစ်တဲ့အတွက် ပုံမှန်ထက် မြေသြဇာ ရေလိုအပ်ချက် များပြားလာပါတယ်။ ဒီတော့ သဘာဝမြေသြဇာ ကို ပြုလုပ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် ရွေးချယ်စရာက သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မှုကို ဖျက်ဆီးနေတဲ့ ဓာတ်မြေသြဇာ အသုံးပြုဖို့ပဲ ကျန်ပါတော့တယ်။
ဗီဇပြုပြင်ထားတဲ့ မျိုးစေ့ (GMO) ဆိုတာ ဘာလဲ။
စပ်မျိုးနဲ့ မတူက ဗီဇပြုပြင်ထားတဲ့ မျိုးစေ့က သဘာဝဆန်ဆန် နည်းပညာ လိုအပ်ချက် နည်းနည်းနဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဗီဇပြုပင်ထားတဲ့ မျိုးစေ့ရရှိဖို့ ဓာတ်ခွဲခန်းထဲမှာ နည်းပညာမြင့်မြင့် နဲ့ ဗီဇတွေကို ဖြတ်တောက်နေရာ ချထားခြင်း စတဲ့ ရှုပ်ထွေး ဆန်းပြားလှတဲ့ နည်းလမ်းတွေကို အသုံးပြုရပါတယ်။
ဒါ့အပြင် GMO မျိုးစေ့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို ပင်ခြားဝတ်မှုန် ကူးတာနည်းပါးလှပါတယ်။ ပင်ခြားဝတ်မှုန်ကူးတာက သဘာဝနိယာမရဲ့ အောက်မှဘဲ ရှိနေတဲ့အတွက် သူတို့အတွက် သိပ်အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို မျိုးစပ်မယ့်အစား ဇီဝသဘောတရားမတူလှတဲ့ အုပ်စုတွေကို ပေါင်းစပ်ပါတော့တယ်။ ဥပမာ ဘက်တီးရီးယား တစ်မျိုးနဲ့ အပင်တစ်မျိုးနဲ့ ပေါင်းစပ်တာပေါ့ဗျာ။
ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မိုစန်တို ကုမ္ပဏီကနေ ဘီတီ Bt (Bacillus thuringiensis) ဘက်တီးရီးယားက ဗီဇကို ပြောင်းမှာ ထည့်သွင်းလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖျက်ပိုးဒဏ်ကို ခံနိုင်ရည် ရှိဖို့ပါ။
ဒီတော့ ပြောင်းပင်ကို လာစားတဲ့ ပိုးမှန်သမျှ သေကုန်တာပါပဲ။ ဘာဖြစ်လို့ဆိုတော့ ပြောင်းပင်ရဲ့ အစိတ်အပိုင်းအားလုံးမှာ ပိုးသတ်ဆေး အာနိသင်တွေ ရှိနေလို့ပါ။ ဒီပြောင်းကို မိမိရဲ့ ကျွဲနွား၊ ကြက်ငှက် ဒါမဟုတ် မိမိကိုယ်တိုင် စားမိရင် ပိုးသတ်ဆေးကို စားနေသလိုပါပဲ။ အကောင်ကြီးတဲ့ သူတွေအတွက်တော့ ရေတိုမှာ ဘာဆိုးမှ မတွေ့ရပေမယ့် ရေရည်အတွက်တော့ ကြောက်စရာကောင်းလှပါတယ်။
ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေရဲ့ နောက်ဆက်တွဲ အကျိုးများ
စိတ်မကောင်းစွာပဲ ဗီဇပြုပြင်ပြောင်းလဲခြင်းဆိုတာကို ကြီးကျယ်မြင့်မြတ်လှပါတယ်လို့ ခံယူနေကြပါတယ်။
မိုစန်တိုလိုမျိုး GMO ကုမ္ပဏီကြီးတွေက တော့ သူတို့ရဲ့ တီထွင်မှုက ဆန်းပြားလှပြီး သူမတူနိုင်တဲ့အတွက် မူပိုင်ခွင့် ရှိသင့်တယ်လို့ ငြင်းဆိုပါတယ်။ ဒီမူပိုင်ခွင့်က အရေးပါအရာရောက်လှပြီး ကမ္ဘာ့စီးပွားရေးကို ဖွတ်ဖွတ်ညက်ညက် ကြေစေနိုင်တဲ့ အထိ သက်ရောက်မှုတွေ ရှိနေပါတယ်။
တစ်ဆက်တည်းမှာပဲ သူတွေက GMO မျိုးစေ့က အခြားမျိုးစေ့တွေနဲ့ အများအပြား တူညီနေတဲ့အတွက် တံဆိပ်တပ်စရာ၊ စမ်းသပ်စရာနဲ့ အခြား ပညက်ချက်တွေ မလိုအပ်ပါဘူးလို့ ဆိုပါသေးတယ်။ ဒီတော့ မိမိစားမိတဲ့ အစားအသောက်က GMO မျိုးစေ့က ထုတ်တာလား ရိုးရိုးမျိုးစေ့ကနေ လုပ်ထားတာလားဆိုတာ သိဖို့ ခက်သွားပြန်ပါတယ်။
GMO မျိုးစေ့တွေက သူတို့ သတ်မှတ်ထားတဲ့ ပိုးမွှားရောဂါဒဏ်တွေကို ခံနိုင်ရည် ရှိပေမယ့် အခြား တစ်ဖက်မှာတော့ အရင်က ဂရုစိုက်စရာ မလိုတဲ့ ပိုးမွှားတွေ (Minor Pests) က ဆိုးဆိုးရွားရွား ဖျက်ဆီးနိုင်တဲ့ ပိုးမွှားတွေအဆင့် သို့ ရောက်ရှိလာပါတယ်။ နောက် ပြဿနာတစ်ခုကတော့ ထိန်းချူပ်လို့ မရတဲ့ ပေါင်းပင် (Super Weed) ပဲ ဖြစ်ပါတယ်။ ဒါတွေက ဗီဇပြုပြင်ထားတဲ့ မျိုးတွေကို အသုံးပြုခြင်းရဲ့ နောက်ဆက်တွဲ ရလာဒ်တွေ ဖြစ်ပါတယ်။
Oxford Conference ရောက် ပညာရှင်များက အတိ အလင်း ဆိုလိုက်ပါပြီ။ နောက်ဆုံးပေါ် မျိုးရုီုးဗီဇ ပညာ တွေ့ရှိချက်တွေ အရ အရင်က မျိုးရုီုးဗီဇ ပညာရှင်တွေ တွက်ထားသလို ကောင်းတဲ့ မျိုးဗီဇကို ယူ မကောင်းတဲ့ ဗီဇကို ဖယ်ထုတ်ပြီး ဥုံဖွ ဟချလောင်း ဆိုပြီး လိုတိုင်းရ မျိုးအသစ်တွေ ဖန်တီးလို့ မရနိုင် ပါဘူး၊ အကြောင်းကတော့ မျိုးရိုးဗီဇ ဟာ non-linear သဘော ဖြစ်နေ လို့ပါ၊ အရင်က တွက်ထားသလို linear ဟုတ်မနေပါဘူး၊ အားလုံး နားလည်အောင် ပြောရရင်တော့ ပုံသေ ကားချပ် လှေနံဓါးထစ် ညီမျှခြင်း ထုတ်ပြီး အဖြေ ထုတ်လို့ မရပါဘူး။ လူသားတွေ ဘယ်လောက် တော်တော် သဘာဝကို ၁၀၀% နားလည်ဘို့ မဖြစ်နိုင်ဘူးဆိုတာ လဲ Oxford ကထောက်ပြထား ပါသေးတယ်။
နောက်ဆုံး အဆိုးဆုံး တစ်ချက်ကတော့ GMO မျိုးစေ့ကို စတင်သုံးလိုက်တာနဲ့ ကုမ္ပဏီရဲ့ မူပိုင်ခွင့် ဥပဒေတွေ ကြားမှာ မျိုးစေ့ကျွန်ဘဝသို့ ရောက်ရောက်သွားရတော့တာပါပဲ။
စပ်မျိုးစေ့ နှင့် ဗီဇပြုပြင်ထားသော မျိုးစေ့
အတိုချုပ်အနေနဲ့ကတော့ စပ်မျိုးဆိုတာ သဘာဝမှာ ရှိနေတဲ့ အပင်မျိုးတွေထဲက ကောင်းတဲ့အချက်တွေကို ပင်ခြား ဝတ်မှုန်ကူးပြီး ရယူထားတာဖြစ်ပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် ကြောက်စရာတော့ မကောင်းလှပါဘူး။ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကတော့ သဘာဝအတိုင်းမဟုတ်ဘဲ ဗီဇတွေကို ပေါင်းစပ် နေရာချထားတဲ့ အတွက် သင့်ကျန်းမာရေးအတွက် သာမက ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ် ကြီးမားလှပါတယ်။
ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကို ဘယ်လိုရှောင်ရှားမလဲ
  • GMO ကုမ္ပဏီကြီးတွေက ပြောတဲ့ မက်လုံးတွေကို အပြည့်အဝ မယုံကြည်လိုက်ပါနဲ့။ သူတို့ပြောတဲ့ ထွက်နှုန်းတွေနဲ့ အမှန်တကယ်ထွက်နှုန်းတွေက အရမ်းကွာခြားပါတယ်။ နောက်ပြီး ကမ္ဘာကြီးရဲ့ တိုးပွားလာတဲ့ လူဦးရေကို ဝဝလင်လင်ကျွေးနိုင်ဖို့ ဒီမျိုးစေ့တွေက အရေးပါပါတယ်လို့ ပြောကြပါသေးတယ်။ အကယ်တော့ Oxford Conference ကနေုထုတ်ပြန်လိုက်တာက ကမ္ဘာကြီးဟာ လက်ရှိ လုဦးရေရဲ့ နှစ်ဆ ၁၄ ဘီလျံ အတွက် စားနပ်ရိက္ခာ ထုတ်ပေး ပြီးသားပါ။ လူသားတွေသာ ဝေမျှစားသောက်ကြမယ်ဆိုရင် ငတ်မွတ်မှုတွေ ရှိမှာ မဟုတ်ပါဘူး။
  • GMO မျိုးစေ့သုံးလိုက်တာနဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေကို ကုန်ကျဖို့ ပြင်ဆင်ထားပါ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေအတွက် မဖြစ်မနေ ဝယ်ရပါတော့မယ်။
  • သဘာဝကို ချစ်မြတ်နိုးပါ။ သဘာဝကို ချစ်မြတ်နိုးတာနဲ့ သင်ဟာ သဘာဝကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ရွံ့မုန်း လာပါလိမ့်မယ်။
  • ဒေသမျိုးတွေကို သုံးစွဲပါ။ ရေမြေဒေသ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံမျိုးစေ့တွေကို သင့်ကို နောင်တ ရစေမှာ မဟုတ်ပါဘူး။
  • သဘာဝအတိုင်း စိုက်ပျိုးပြီး ဂုဏ်ယူလိုက်ပါ။ လောင်စာရှားပါးပြီး အစားအသောက် ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ ခေတ်ကြီးမှာ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေက လူတွေ တန်ဖိုးထား စားသုံးရတော့မယ့် အစားအစာတွေ ဖြစ်လာပါပြီ။ အခုဆို သြဂဲနစ်သီးနှံတွေက ဈေးကြီးပေးပြီး လူတွေ တန်ဖိုးထားတဲ့ အစားအသောက်အဖြစ် ရပ်တည်နေပါပြီ။
စာညွှန်း
Food Genegad : Hybrid Seeds vs. GMOs
Green Way : ဦးဝင်းမျိုးသူပြောတဲ့ GMO အကြောင်း

http://www.greenwaymyanmar.org/article/510
http://www.thefarmermedia.com
 

Monday, January 5, 2015

အောင်မြင်ကြီးပွားရေး

https://www.facebook.com/BetterLifeMMProject


ဒီPages လေးကိုlike လုပ်ထားနော်


ဘ၀အောင်မြင်ရေးတွေကော ကျန်းမာရေးတွေပါသိရမယ်